« Prev ကမ္ဘာဦးကျမ်း နိဒါန်း ၁ အခန်းကြီး ၂ ၃ ၄ . . . ၁၂ Next »
ဒေသနာကျမ်း Ecclesiastes
အခန်းကြီး ၂
၂း၎-၆ ရှောလမုန်သည် အိမ်၊ ဗိမာန်တော်၊ နိုင်ငံတော်နှင့် မိသားစုကို တည်ဆောက် နိုင်ခဲ့ပြီးဖြစ်သည်။ (၃ ရာ ၃း၁၁) သမိုင်းကြောင်း တစ်လျှောက်တွင် ထိုအရာ အားလုံးသည် တစ်နေ့၌ ပျောက်ကွယ်ခဲ့ကြရသည်။ ဆာလံ ၁၂၇း၁ ၌ ရှောလမုန် ရေးသားခဲ့သည်မှာ ‘ထာဝရဘုရားသည် အိမ်ကိုဆောက်တော် မမူလျှင် ဆောက်သောသူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏။ ထာဝရဘုရားသည် မြို့ကိုစောင့်တော် မမူလျှင် ကင်းစောင့်တို့သည် အချည်းနှီးစောင့်ကြ၏။’ ဤကျမ်းသည် ဘုရားသခင်ကို မေ့လျော့ခဲ့သော နိုင်ငံတော်(သို့) မိသားစု၌ ဖြစ်ပျက်ခဲ့မှု များကို ဖေါ်ပြသော ရှောလမုန်၏ သက်သေခံချက် တစိတ်တဒေသ ဖြစ်သည်။ သင်၏ လုပ်ဆောင်မှုများ၊ ဦးတည်ချက်များကို ဆန်းစစ်သော အခါ၌ သင်၏ အစပြုချက် အခြေခံလှုံ့ဆော်ချက် တို့သည် အဘယ်အရာနည်း။ ဘုရားသခင်၌ အခြေမပြုသော သင်၏ အသက်ရှင်မှု အားလုံးတို့သည် အဓိပ္ပါယ်မဲ့သည်။
« Prev ကမ္ဘာဦးကျမ်း နိဒါန်း ၁ အခန်းကြီး ၂ ၃ ၄ . . . ၁၂ Next »