« Prev ကမ္ဘာဦးကျမ်း နိဒါန်း ၁ အခန်းကြီး ၂ ၃ ၄ . . . ၁၂ Next »
ဒေသနာကျမ်း Ecclesiastes
အခန်းကြီး ၂
၂း၁၁ ရှောလမုန်သည် အသက်တာ၏ အဓိပ္ပါယ်ကို ရှာဖွေရန် ကြိုးပမ်းမှု အားလုံးတို့ကို ‘လေကို ကျက်စားသောအမှု၊ လေ၏နောက်သို့ လိုက်သောအမှု’ အဖြစ် ခြုံငုံဖေါ်ပြခဲ့သည်။ ကျွန်ုပ်တို့သည် လေတိုက်ခတ်သွားသည်ကို ခံစားရသော်လည်း လေကိုမဖမ်းနိုင်၊ မတားဆီးနိုင်ပါ။ ကျွန်ုပ်တို့ ရရှိအောင်မြင်သော အရာအားလုံးသည် အလွန်ကြီးမားသော အရာဖြစ်စေကာမူ စိတ်ချမ်းသာမှုသည် တစ်ခဏသာဖြစ်သည်။ လုံခြုံမှုနှင့် မိမိတို့၏ တန်ဖိုးကို ထိုအရာတို့နှင့် မတွေ့နိုင်သော်လည်း ဘုရားသခင်၏ မေတ္တာတော်၌ မူကား တွေ့ရှိနိုင်ပါသည်။ သင်၏ အသက်တာ၌ မည်သည့်အရာကို တန်ဖိုးရှိသည်ဟု ထင်မြင်စဉ်းစား ထားပါသနည်း။ သင်၏ အချိန်၊ ခွန်အား၊ ငွေကြေးကို မည်သည့်နေရာ၌ ထားရှိပါသနည်း။ သင်၏ ဘဝတစ်လျှောက်ကို ပြန်လည်ဆင်ခြင်သော တစ်နေ့၌ သင်သည်လည်း ‘လေကိုကျက်စားသော၊ လေနောက်လိုက်သောသူ’ ဖြစ်နေပါလိမ့်မည်လား။
« Prev ကမ္ဘာဦးကျမ်း နိဒါန်း ၁ အခန်းကြီး ၂ ၃ ၄ . . . ၁၂ Next »