« Prev ကမ္ဘာဦးကျမ်း နိဒါန်း ၁ အခန်းကြီး ၂ ၃ ၄ . . . ၁၂ Next »
ဒေသနာကျမ်း Ecclesiastes
အခန်းကြီး ၂
၂း၁၆ ရှောလမုန်မှ ဥာဏ်ပညာ တစ်ခုတည်းသည် ထာဝရအသက် အာမခံချက် မပေးနိုင်ကြောင်းကို သိရှိခဲ့သည်။ ဥာဏ်ပညာ ကြွယ်ဝချမ်းသာခြင်း၊ မိမိ၌ စုဆောင်းရရှိမှု များသည် သေလွန်သောအခါ၌ လွန်စွာသေးငယ်သော အရာများသာဖြစ်သည်။ လူတိုင်းသည် သေဆုံးကြရမည်။ ကျွန်ုပ်တို့၏ အသက်တာ ပျောက်လွင့်သွားမည်။ လုပ်ဆောင်မှုများပေါ်၌ မဆောက်တည်ဘဲ ဘုရားသခင် တည်းဟူသော ခိုင်မာသော အုတ်မြစ်ပေါ်၌ တည်ဆောက်ကြရမည်။ ထိုအခါ၌ အရာအားလုံးကို ကျွန်ုပ်တို့ထံမှ ယူဆောင်သွားခဲ့စေကာမူ ကျွန်ုပ်တို့၌ ဘုရားသခင်သည် ဆက်လက်၍ ရှိနေမည်ဖြစ်သည်။ သူသည် အမှန်တကယ် ကျွန်ုပ်တို့ အစဉ်အမြဲ လိုအပ်သော သူလည်းဖြစ်သည်။ ယောဘဝတ္ထု (The book of Job) တွင်လည်း ဤအချက်ကို ထောက်ပြထားသည်။
၂း၁၆ ကျွန်ုပ်တို့ ဤလောက၌ မည်သည့် အရာကိုမဆို ရရှိထားစေကာမူ သေခြင်း တရားသည် လူသားအားလုံးတို့အား တန်းတူညီမျှမှုကို ဖြစ်စေပါသလား။ ယင်းကို လောကအမြင်ဖြင့် ကြည့်လျှင် မှန်ကန်သည်ဟု ထင်မြင်နိုင်ပါသည်။ ဘုရားသခင်မှ ရှင်းလင်းဖေါ်ပြသည်မှာ (၁၂း၁၄ တွင် ရှောလမုန် ဖေါ်ပြချက်) ကျွန်ုပ်တို့ ယခု လုပ်ဆောင်နေသော အရာများသည် ထာဝရ ဆုလဒ်အတွက် လွန်စွာမှ အရေးပါသည်။
« Prev ကမ္ဘာဦးကျမ်း နိဒါန်း ၁ အခန်းကြီး ၂ ၃ ၄ . . . ၁၂ Next »