« Prev ကမ္ဘာဦးကျမ်း . . . ၃ ၄ အခန်းကြီး ၅ ၆ ၇ . . . ၁၂ Next »
ဒေသနာကျမ်း Ecclesiastes
အခန်းကြီး ၅
၅း၁၉-၂၀ ဘုရားသခင်သည် (ကျွန်ုပ်တို့၌ ကြွယ်ဝသည်ဖြစ်စေ၊ ချို့တဲ့သည်ဖြစ်စေ) ကျွန်ုပ်တို့၌ ရှိသောအရာကို ကျွန်ုပ်တို့မှ မှန်ကန်စွာ ရှုမြင်စေလိုသည်။ ယင်းမှာ ‘ဘုရားသခင်မှ ပေးသနားတော် မူသော ဆုကျေးဇူး’ ဟူ၍ဖြစ်သည်။ ယင်းအရာတို့သည် ကြည်နူးမှု၏ အရင်းအမြစ်များ မဖြစ်သော်လည်း ဝမ်းမြောက်စေသော အကြောင်းအရာများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းမြတ်သော အရာအားလုံး တို့သည် ဘုရားသခင်ထံမှ လာသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုဆုကျေးဇူးအပေါ်၌ အာရုံပြုသည်ထက် ဆုကျေးဇူးကို ချပေးသော အရှင်အပေါ်၌ အာရုံပြုရမည်ဖြစ်သည်။ ‘ဘုရားသခင်နှင့်သာ အတူရှိလျှင် ကျွန်ုပ်တို့ လိုအပ်သော အရာများအားလုံးသည် ကျွန်ုပ်တို့၌ရှိသည်’ ဟူ၍ ကျွန်ုပ်တို့သည် ဆင်ခြင်မိချိန်၌ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၌ ရှိသော အရာများအပေါ် ကျေနပ်နှစ်သိမ့်မှုဖြစ်ပေမည်။
« Prev ကမ္ဘာဦးကျမ်း . . . ၃ ၄ အခန်းကြီး ၅ ၆ ၇ . . . ၁၂ Next »