« Prev ကမ္ဘာဦးကျမ်း . . . ၄ ၅ အခန်းကြီး ၆ ၇ ၈ . . . ၁၂ Next »
ဒေသနာကျမ်း Ecclesiastes
အခန်းကြီး ၆
၆း၁-၆ ‘အလိုဆန္ဒရှိသမျှ ပြေလောက်အောင် စည်းစိမ်ဥစ္စာ ဂုဏ်သရေကို ဘုရားသခင် ပေးသော်လည်း ခံစားရသော အခွင့်ကို ပေးတော် မမူသောကြောင့် ကိုယ်တိုင် မခံစားရ’ ၏ ဆိုသည်မှာ လူတို့၏ သေဆုံးခြင်းကို ဆိုလိုသည်။ ထိုလူသည် အသက်ရှည်စွာ နေထိုင်ပြီးဖြစ်သော်လည်း နောက်ဆုံး၌ အရာအားလုံးသည် အဓိပ္ပါယ် ကင်းမဲ့ခြင်းသို့ ရောက်ရသည်။ အဘယ်ကြောင့် ဆိုသော် ထိုသူရှာဖွေ စုဆောင်းထားသော အရာအားလုံး တို့သည် သေဆုံးသောအခါ၌ ထားရစ်ခဲ့ရသည်။ လူတိုင်း ဆင်းရဲ၊ ချမ်းသာမရွေး သေဆုံးကြရမည် ဖြစ်သည်။ လူများတို့သည် အသက်ရှည် ကျန်းမာအောင် နည်းမျိုးစုံဖြင့် ကြိုးစားဖန်တီး လုပ်ဆောင်ကြသည်။ သို့သော် လူတို့သည် မိမိတို့၏ ဝိညာဉ်ပိုင်း၌ ကျန်းမာမှု ရှိအောင် အချိန်ပေးခြင်း လုပ်ဆောင်ခြင်း မရှိကြချေ။ ဤဘဝအသက်တာကိုသာ ရှည်လျားစေရန် ကြိုးပမ်းပြီး ထာဝရအသက်တာ ရရှိအောင် မကြိုးပမ်း၊ မလုပ်ဆောင်ခြင်းသည် လွန်စွာမှ အမြင်ကျဉ်းသော လုပ်ဆောင်မှုပင် မဟုတ်ပါလား။
« Prev ကမ္ဘာဦးကျမ်း . . . ၄ ၅ အခန်းကြီး ၆ ၇ ၈ . . . ၁၂ Next »