« Prev ကမ္ဘာဦးကျမ်း . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ၁၂ Next »
ဒေသနာကျမ်း Ecclesiastes
အခန်းကြီး ၇
၇း၂၊ ၄ လူများတို့သည် သေခြင်းတရားအား စဉ်းစားဆင်ခြင်ခြင်းမှ ရှောင်ရှားကြသည်။ သေခြင်းတရားကို မရင်ဆိုင်လိုကြပါ။ အသုဘ အခမ်းအနားများသို့ တက်ရောက်ရန် စိတ်နှောင့်နှေးကြသည်။ ရှောလမုန်သည် သေခြင်းတရားနှင့် ပတ်သက်၍ မနှစ်မြို့စွာဖြင့် တွေးတောနေရန် အားပေးနေခြင်း မဟုတ်ဘဲ သေခြင်းတရားနှင့် ပတ်သက်၍ ရှင်းလင်းစွာ ဆင်ခြင်သင့်ကြောင်း ညွှန်ပြထားသည်။ ယင်းသို့ ဆင်ခြင်ခြင်းသည် ကျွန်ုပ်တို့အား အသက်တာပြောင်းလဲရန်၊ ကျွန်ုပ်တို့ အသက်တာ၏ ဦးတည်ချက်များအား သုံးသပ်ရန်၊ အပြစ်ကို ဝန်ချတောင်းပန်ရန်၊ ဘုရားသခင်ထံမှ ခွင့်လွတ်ခြင်းရယူရန် အချိန်ရှိသေးကြောင်း သတိရစေသည်။ ထို့အပြင် လူတိုင်းသည် အမှန်တကယ် သေဆုံး ကြရမည် ဖြစ်သောကြောင့် ဘုရားသခင်၏ တရားစီရင်မှုကို မခံရဘဲ ဘုရားသခင်၏ ကြင်နာမှုကို ခံရအောင် ယခုအချိန်မှစ၍ စီစဉ်ကြရန် အသိဝင်စေပါသည်။
« Prev ကမ္ဘာဦးကျမ်း . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ၁၂ Next »