« Prev ကမ္ဘာဦးကျမ်း . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ၁၂ Next »
ဒေသနာကျမ်း Ecclesiastes
အခန်းကြီး ၇
၇း၂၇-၂၈ ရှောလမုန် (Solomon) အမျိုးသမီးများသည် မဖြောင့်မတ်နိုင် (ဥာဏ်ပညာနှင့် ကောင်းမြတ်ခြင်း)ဟု ထင်မြင်ပါသလား။ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သုတံ္တကျမ်း (Proverbs) ၌ သူသည် ဥာဏ်ပညာကို အမျိုးသမီး အသွင်ဖြင့် ဖေါ်ပြခဲ့သည်။ ရှောလမုန် ညွှန်ပြသောအချက်မှာ အမျိုးသမီးများသည် ဥာဏ်ပညာမဲ့သည်ဟု မဆိုလိုဘဲ ဘုရားသခင်ထံ ရှေ့မှောက်၌ မည်သူမဆို ယောကျာ်းဖြစ်စေ မိန်းမဖြစ်စေ ဖြောင့်မတ်သူဖြစ်ရန် ခက်ခဲသည်။ ရှောလမုန်၏ စူးစမ်းရှာဖွေမှုမှ တွေ့ရှိခဲ့သည်မှာ ကောင်းမြတ်ခြင်းနှင့် ဥာဏ်ပညာသည် ယောကျာ်းတို့ အတွင်း၌ အမျိုးသမီးများကဲ့သို့ပင် လွန်စွာရှားပါးလှသည်။ ယင်းအချိန်ကာလ ထုံးစံအရ ယောကျာ်းတို့သည် ဘာသာရေး အကြောင်းကို သင်ယူခဲ့ရပြီး အမျိုးသမီးများမှာမူ သင်ကြားခြင်းကို မခံကြရပါ။ ထို့ကြောင့် ‘ယောကျာ်း တစ်ထောင်တို့တွင် တစ်ယောက်ကို ငါတွေ့ပြီ။ မိန်းမတစ်ထောင်တို့တွင် တစ်ယောက်ကိုမျှ ငါမတွေ့’ဟု ရေးသားထားခြင်းဖြစ်သည်။
« Prev ကမ္ဘာဦးကျမ်း . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ၁၂ Next »