« မာတိကာ ကမ္ဘာဦးကျမ်း နိဒါန်း အခန်းကြီး ၁ ၂ ၃ . . . Next »
ဒေသနာကျမ်း Ecclesiastes
နိဒါန်း Introduction
အနှစ်သာရ ကင်းမဲ့ခြင်း၊ အသုံး မဝင်ခြင်း၊ အနတ္တဖြစ်ခြင်း စသော စကားလုံးများသည် ကျွန်ုပ်တို့အား စိတ်ပျက်ခြင်းနှင့် စိတ်ရှုပ်ထွေးစေခြင်း တို့ကို ဖြစ်ပေါ်စေသည်။
ယင်းတို့သည် ကျွန်ုပ်တို့ အသက်တာ၌ တွေ့ကြုံရသော အတွေ့အကြုံ များ၏ တစ်စိတ် တစ်ဒေသမျှပင် ဖြစ်သည်။ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှု၊ အတွေ့အကြုံ၊ တန်ခိုးအာဏာ၊ သာယာငြိမ့်ညောင်းမှု စသော ဘဝ၌ ချိုမြလိမ့်မည်ဟု ထင်မှတ်ထားသော်လည်း အတွင်း၌မူကား အနှစ်သာရ ကင်းမဲ့နေတတ်သည်။ အသက်တာသည် အနတ္တဖြစ်သော၊ အဓိပ္ပါယ်ကင်းမဲ့သော၊ စိတ်ပျက်စရာများနှင့် ပြည့်ဝနေသော အချိန်ကာလပင် မဟုတ်ပါလား။
လွန်ခဲ့သော နှစ်ပေါင်း ၃,၀၀၀ ခန့်က ရှောလမုန် (Solomon) မင်းကြီးသည် လူတို့ မနှစ်သက်သော အရာများမှ တစ်ခုသော အရာကို ရွေးချယ်ရခြင်းနှင့် ပတ်သက်၍ ပြောဆိုခဲ့သည်။ ယင်းပြောဆိုချက်၌ ဖော်ပြထားသော အနှစ်သာရနှင့် အသုံးပြုပုံတို့မှာ ကျွန်ုပ်တို့ ကာလ၌လည်း မှန်ကန်လျက် ရှိနေပေသည်။ ဒေသနာကျမ်း (Ecclesiastes) ကို ရှောလမုန်မင်းကြီးက ရေးသားခဲ့သည်။ ဤကျမ်း၌ အသက်တာ၏ အတွေ့အကြုံများကို စီစဉ်သုံးသပ်ထားပြီး အသက်တာ၏ အဓိပ္ပါယ်ကို ပိုင်းခြားသုံးသပ် ဝေဖန်ထားသည်။ ဤကျမ်း၌ ရှောလမုန်မင်းကြီးသည် သူ၏အသက်တာ အားဖြင့် ကျွန်ုပ်တို့၏ စိတ်အစဉ်ကို ဘဝခရီး ပြုစေပြီးနောက် သူ၏ကြိုးစား လုပ်ဆောင်ခဲ့မှု၊ စမ်းသပ်ခဲ့မှု၊ တွေ့ကြုံမြည်းစမ်း ခဲ့မှု အားလုံးသည် မည်မျှအဓိပ္ပါယ် ကင်းမဲ့ကြောင်း၊ အသုံးမဝင်ကြောင်း၊ ရည်ရွယ်ချက် ကင်းမဲ့ကြောင်း၊ ရူးသွပ်သော သူကဲ့သို့ ဖြစ်ကြောင်း၊ အနှစ်သာရ ကင်းမဲ့ကြောင်း၊ အကျိုးမရှိသည့် လုပ်ဆောင်မှုများသာ ဖြစ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ သတိပြုရမည်မှာ ဤကျမ်းစကားများကို ရေးသားခဲ့သော သူသည် အလုံးစုံတို့ကို ရရှိပိုင်ဆိုင် ခဲ့သောသူ ထူးခြားစွာသော ဥာဏ်ပညာ၊ တန်ခိုး၊ စည်းစိမ်ဥစ္စာများ ရှိခဲ့သောသူဖြစ်သည်။ ရှောလမုန် မင်းကြီးသည် မိမိ၏ ဘဝအသက်တာကို သုံးသပ်ပိုင်းခြား ပြီးသည့်နောက် ချမှတ်ခဲ့သော သုံးသပ်ချက်မှာ ‘ဘုရားသခင်ကို ကြောက်ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။’ ဤသည်ကား လူနှင့်ဆိုင်သော အမှုအရာ အလုံးစုံတို့၏ အချုပ်အခြာဖြစ်သတည်း (ဒေသနာ ၁၂း၁၃-၁၄)။