« Prev ကမ္ဘာဦးကျမ်း နိဒါန်း အခန်းကြီး ၁ ၂ ၃ . . . ၁၂ Next »
ဒေသနာကျမ်း Ecclesiastes
အခန်းကြီး ၁
၁း၁-၁၁ ရှောလမုန် (Solomon) သည် ဤကျမ်းကို သံသယ အဆိုးဘက်မှ ရှုမြင်ရေးသားရန် ရည်ရွယ်ချက် ရှိခဲ့သည်။ အသက်တာ၏ နောက်ဆုံးသော အချိန်တွင် သူပြုလုပ်ပြီးခဲ့သော အရာအားလုံးကို ပြန်လည်ရှုမြင်ခဲ့သော အခါ၌ မြောက်မြားစွာသော အရာများသည် အဓိပ္ပါယ် ကင်းမဲ့လေသည်။ အများယုံကြည် ထားသော အယူအဆဖြစ်သည့် ကောင်းသော လူတို့သာကြွယ်ဝပြီး မတရားသောသူတို့သာ ဒုက္ခခံစားရသည့် အယူအဆသည် မှန်ကန်ကြောင်းကို သူ၏ ဘဝအတွေ့အကြုံ၌ သက်သေမပြနိုင်ခဲ့ပါ။ ရှောလမုန်သည် ဤကျမ်း၏ အရာအားလုံးကို ကြိုးစားခဲ့ပြီး၊ ရရှိခဲ့ပြီးမှ ရေးသားခဲ့သည်။ ဘုရားသခင်မှ လွဲ၍ မည်သည့်အရာကမျှ ပျော်ရွှင်မှုကို မပေးနိုင်ကြောင်းကို သူသည်တွေ့ရှိ ခဲ့သည်။ စာဖတ်သူတို့က သူကဲ့သို့ အဓိပ္ပါယ်ကင်းမဲ့သည့် လုပ်ဆောင်မှုများမှ ရှောင်ရှားစေလိုသည်။ အကယ်၍ ဘုရားသခင်၌ မဟုတ်ဘဲ ကျွန်ုပ်တို့၏ စုဆောင်းရရှိမှု၌ အဓိပ္ပါယ်ကို ရှာဖွေရန် ကြိုးပမ်းပါက ကျွန်ုပ်တို့သည် မည်သည့်အခါမျှ ကျေနပ်နှစ်သိမ့်မှု ရရှိလိမ့်မည် မဟုတ်ဘဲ ကျွန်ုပ်တို့ လုပ်ဆောင်မှုများသည် ပျင်းရိငြီးငွေ့ ဖွယ်သာ ဖြစ်နေပေလိမ့်မည်။