« Prev ကမ္ဘာဦးကျမ်း နိဒါန်း အခန်းကြီး ၂ . . . ၁၂ Next »


« « မာတိကာ Table of Contents

ဒေသနာကျမ်း Ecclesiastes

အခန်းကြီး ၂

၂း၁၈-၂၃ ရှောလမုန် ဆက်လက် ဖေါ်ပြသည်မှာ ကြိုးစားအားထုတ်မှု တို့သည် ငွေကြေးနှင့် ပစ္စည်းဥစ္စာ ရရှိရန် အတွက်သာ ဦးတည်လုပ်ဆောင်ပါက ထာဝရ အသီးအပွင့်ကို ဖြစ်ပေါ်စေမည် မဟုတ်ပါ။ သေဆုံးသော အခါ၌ အရာအားလုံးကို ထားရစ်ခဲ့ရ မည်သာမက ၄င်းအရာတို့ကို မရှာဖွေသော သူတို့၏ လက်ထဲ၌ ထားရစ်ခဲ့ရပေမည်။ ထို့အပြင် ထိုအရာတို့သည် စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်ခြင်းကို မခံရဘဲ တစ်နေ့၌ အားလုံးပျောက်ကွယ် ပျက်စီးသွားရမည်ဖြစ်သည်။

ရှောလမုန်၏သားသည် ရှောလမုန်၏ ထီးနန်းအမွေကို ဆက်ခံခဲ့သည်။ သူသည် ဆိုးသွမ်းသော သူဖြစ်ခဲ့သည် (၃ ရာ ၁၂)။ မှန်ကန်သော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မှုများ၊ မိသားစုကို စောင့်ရှောက်ခြင်း (သခင်ဘုရား၏ အစေကိုခံခြင်း) တို့သည် မမှားယွင်းပါ။ ကျွန်ုပ်တို့သည် အသက်ရှင်ရန်အတွက် အလုပ်လုပ်ကိုင်ကြရမည်။ အထူးအရေးကြီးသည်မှာ ကျွန်ုပ်တို့ကို မှီခိုနေသော သူတို့၏ ကိုယ်ကာယ ဝိညာဉ်ရေးရာ ကြံ့ခိုင်ကျန်းမာရေး ကောင်းမှုများအတွက် ကျွန်ုပ်တို့တွင် တာဝန်ရှိပေသည်။ သို့သော် တစ်ကိုယ်ကောင်း ဆန်စွာ လုပ်ဆောင်သော အရာများမှ ထွက်ပေါ်လာသော ရရှိမှုများသည် နောက်ပိုင်း၌ ဆုံးရှုံးပျက်စီးစေမည့် သူများ လက်ထဲသို့သာ ရောက်ရှိသွားပေလိမ့်မည်။ ထိုကဲ့သို့သော ဖြစ်ရပ်များသည် ကြေကွဲမှုကို ဖြစ်ပေါ်စေသည်။ ဘုရားသခင် ကိုသာ အစေခံခြင်းသည်သာ ထာဝရပျော်ရွှင်ခြင်းကို ဖြစ်ပေါ်စေပါသည်။ သင်သည် အဘယ်ကြောင့် လွန်စွာကြိုးစား လုပ်ကိုင်နေရသည့် အကြောင်းအရင်းကို သိပါသလား။

Continue… » »


« Prev ကမ္ဘာဦးကျမ်း နိဒါန်း အခန်းကြီး ၂ . . . ၁၂ Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.