« Prev ကမ္ဘာဦးကျမ်း . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ၁၂ Next »
ဒေသနာကျမ်း Ecclesiastes
အခန်းကြီး ၃
၃း၁၉-၂၂ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာများသည် လက်ရှိအခြေအနေ အတိုင်း အစဉ်အမြဲ တည်ရှိနိုင်မည် မဟုတ်ပါ။ ဤသဘောတရားအရ လူနှင့်တိရစ္ဆာန်တို့သည် တူညီကြပေသည်။ သို့သော် ရှောလမုန်မှ ဝန်ခံထားချက်မှာ ဘုရားသခင်သည် လူတို့အား ထာဝရမျှော်လင့်ခြင်းကို ပေးခဲ့ပြီးဖြစ်သည် (၃း၁၁)။ ထို့အပြင် နောင်ဘဝ၌ တရားစီရင်ခြင်းကိုလည်း ခံရလိမ့်မည် (၃း၁၇၊ ၁၂း၇၊ ၁၄)။ ယင်းအချက်သည် လူနှင့်တိရစ္ဆာန်တို့ ကွာခြားသော အချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူ၏စိတ်နှလုံး၌ ‘ထာဝရတရား’ ရှိသည်။ ဘုရားသခင်၏ အကြံအစည်မှာ လူတစ်ဦးစီအတွက် သီးသန့် ရည်မှန်းချက်ရှိသည်။ ဘုရားသခင်၏ အကြံအစည်တော်ကို ကျွန်ုပ်တို့၏ လုပ်ဆောင်မှုအားဖြင့် တွေ့ရှိနိုင်မည် မဟုတ်ဘဲ ဘုရားသခင်၌ မိဿဟာယ ဖွဲ့မှုအား တည်ဆောက်ခြင်း၊ ဘုရားသခင်၏ လမ်းပြမှုကို ရှာဖွေခြင်းအားဖြင့်သာ တွေ့ရှိနိုင် မည်ဖြစ်သည်။ သင်သည် ယခုအချိန်တွင် ဘုရားသခင်၏ ဆန္ဒနှင့်အညီ အသက်ရှင်နေပါသလား။ အသက်တာကို ဘုရားသခင်မှ ပေးသနားတော်မူသော ဆုကျေးဇူးတော် အဖြစ် ထင်မြင်ပါသလား။
« Prev ကမ္ဘာဦးကျမ်း . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ၁၂ Next »