❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၃ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၃

၃း၁၀ ‘ကောင်းကင် အရပ်တို့၌ အထွဋ်အမြတ် အာဏာစက်’ တို့သည် ထိုဖြစ်ရပ်များကို ကြည့်ရှုနေသော ကောင်းကင်တမန်များ (၁ ပေ ၁း၁၂) သို့မဟုတ် ဘုရားသခင်အား ဆန့်ကျင်သည့် မကောင်းသော ဝိညာဉ်တန်ခိုးများ ဖြစ်နိုင်သည် (၂း၂၂၊ ၆း၁၂)။

၃း၁၂ ဘုရားသခင် ထံတော်သို့ လွတ်လွတ်လပ်လပ်နှင့် ယုံကြည်စိတ်ချစွာ တိုးဝင်ချဉ်းကပ် နိုင်ခြင်းသည် လွန်စွာ ကောင်းမွန်သော အခွင့်အရေး ဖြစ်သည်။ တန်းခိုးကြီးသော အုပ်ချုပ်သူ၏ ရှေ့၌ ရောက်ရှိသောအခါ၌ ကျွန်ုပ်တို့သည် စိုးရွံ့မှု ရှိတတ်သည်။ သို့သော် ခရစ်တော်အား ကျေးဇူးတင် ရမည်မှာ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းဖြင့် ဆုတောင်းလျက် ဘုရားသခင်၏ ရှေ့တော်သို့ တိုက်ရိုက် ဝင်ရောက်နိုင်သည်။ ထိုသို့ ပြုလုပ်သောအခါ၌ ဘုရားသခင်သည် ကျွန်ုပ်တို့အား လက်ကမ်း၍ ကြိုဆိုပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ခရစ်တော်နှင့် ကျွမ်းဝင်ခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးများ ဖြစ်ရသည်။ ဘုရားသခင်အား မကြောက်ရွံ့ပါနှင့်။ ပြောလိုသောအရာတိုင်း ဘုရားသခင်ထံ ပြောကြားပါ။ သူသည် သင်၏ ပြောကြားချက်များကို နားထောင်ရန် စောင့်နေလျက်ရှိသည်။

Continue… » »


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၃ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.