❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၃ ၄ အခန်းကြီး ၅ ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၅
၅း၁-၂ ကလေးသူငယ်တို့သည် မိဘတို့အား အတုယူ လုပ်ဆောင်သကဲ့သို့ ကျွန်ုပ်တို့သည် ဘုရားသခင်အား အတုယူ လုပ်ဆောင်ရမည်။ သူ၏ မေတ္တာသည် ကျွန်ုပ်တို့အား ထာဝရအသက်ကို ရရှိစေမည့် အသေခံခြင်းကို ဖြစ်စေခဲ့သည်။ ကျွန်ုပ်တို့၏ အခြားသူများ အပေါ်၌ထားရှိသော မေတ္တာသည် ထိုကဲ့သို့သော မေတ္တာမျိုးဖြစ်ရမည်။ ထိုမေတ္တာသည် ခံစားခြင်းကို ကျော်လွန်၍ မိမိအကျိုးကို စွန့်လွှတ်ကာ လုပ်ဆောင်မှုကို ပြုသော မေတ္တာမျိုးလည်းဖြစ်သည်။
၅း၎ လူအများတို့သည် ညစ်ညူးသော စကားများကို မကြာခဏ ပြောဆိုသောအခါ၌ ကျွန်ုပ်တို့သည် ထိုစကားများကို ဂရုမပြုမိဘဲ ရှိလာတတ်ကြသည်။ ရှင်ပေါလုက သတိပေးထားသည်။ မတော်မလျှော်သော စကားများကို ခရစ်ယာန်တို့၏ နှုတ်မှ မထွက်သင့်ပေ။ ထိုစကားတို့သည် ကျွန်ုပ်တို့ အတွင်း၌ရှိသော ဘုရားသခင်၏ မေတ္တာတော်ကို ရောင်ပြန်မဟပ် စေသောကြောင့် ဖြစ်သည်။ ညစ်ညူးသော၊ မတော်မလျှော်သော စကားများကို ပြောဆိုစဉ်တွင် ကျွန်ုပ်တို့သည် ဘုရားသခင်အား မည်ကဲ့သို့ ချီးမွမ်းနိုင်ပါ မည်နည်း။ အခြားသူများအား ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို မည်ကဲ့သို့ သတိပေးနိုင်ပါမည်နည်း။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၃ ၄ အခန်းကြီး ၅ ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯