❮ Prev . . . ၁၁ ၁၂ အခန်းကြီး ၁၃ ၁၄ ၁၅ . . . ၅၀ ဒေသနာကျမ်း Next ❯


« « မာတိကာ Table of Contents

ကမ္ဘာဦးကျမ်း Genesis

အခန်းကြီး ၁၃

၁၃း၇-၈ ခက်ထန်သော ပတ်ဝန်းကျင် နိုင်ငံများကြောင့် အာဗြဟံနှင့် လောတတို့သည် ပေါင်းစည်းသင့်သည်။ သို့သော်လည်း မနာလိုမှုများသည် သူတို့နှစ်ဦးအား ခွဲခွါစေခဲ့သည်။ ယခုအချိန်၌လည်း ထိုကဲ့သို့ အခြေအနေများကို တွေ့ရသည်။ စာတန် (Satan) သည် ခရစ်ယာန်များအား တိုက်ခိုက်နေသော အချိန်၌ပင် ခရစ်ယာန်တို့သည် တစ်ဦးနှင့်တစ်ဦး စကားနာထိုးလျက် ရှိသည်။

ပုန်ကန်ခြင်း၊ ငြင်းခုံခြင်း၊ သဘော မတူခြင်းတို့သည် ယုံကြည်သူများအား နည်းလမ်း (၃) မျိုးဖြင့် ပျက်စီး စေနိုင်သည်။ ယင်းတို့သည်

(၁) စေတနာ၊ ယုံကြည်စိတ်ချမှု၊ ငြိမ်သက်မှု စသော ကောင်းမွန်သည့် လူမှုဆက်ဆံရေး အခြေခံများကို ပျက်စီးစေသည်။
(၂) အရေးကြီးသော ပန်းတိုင်ဆီသို့ တိုးတက်စေခြင်းအား အဟန့်အတားဖြစ်စေသည်။
(၃) မေတ္တာကို အခြေခံခြင်းထက် မိမိကိုယ်ကို အခြေခံခြင်းကိုလည်း ဖြစ်စေသည်။

ညီအစ်ကို အချင်းချင်းတို့ ငြင်းခုံမှုများမှ ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ယေရှုနားလည်ခဲ့သည်။ သူ၏နောက်လိုက်များ တစ်လုံးတစ်ဝတည်း ရှိစေရန်၊ ဘုရားသခင်အား သခင်ယေရှု တောင်းဆိုခဲ့သည် (ယောဟန် ၁၇-၂၁)။

Continue… » »


❮ Prev . . . ၁၁ ၁၂ အခန်းကြီး ၁၃ ၁၄ ၁၅ . . . ၅၀ ဒေသနာကျမ်း Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.