❮ Prev . . . ၁၂ ၁၃ အခန်းကြီး ၁၄ ၁၅ ၁၆ . . . ၅၀ ဒေသနာကျမ်း Next ❯


« « မာတိကာ Table of Contents

ကမ္ဘာဦးကျမ်း Genesis

အခန်းကြီး ၁၄

၁၄း၂၀ အာဗြဟံသည် သူပြန်လည် သိမ်းပိုက် ရယူခဲ့သော အရာများမှ ဆယ်ပုံတစ်ပုံကို မေလခိဇေဒက်အား ပေးခဲ့သည်။ တစ်ပါးသော တိုင်းနိုင်ငံအချို့၌ပင် သူတို့၏ ဘုရားများအား ဝင်ငွေ၏ ဆယ်ပုံတစ်ပုံကို ပေးသော ထုံးတမ်းစဉ်လာရှိခဲ့သည်။ အာဗြဟံသည် ထိုအချိန်၌ လက်ခံထားသော အစဉ်အလာ အတိုင်း လိုက်လျှောက်သည်။ သို့သော်လည်း သောဒုံမင်း၏ ပစ္စည်းများကို သိမ်းယူရန် ငြင်းဆန်ခဲ့သည်။ ထိုပစ္စည်းများအားဖြင့် အာဗြဟံ ပိုင်ဆိုင်မှု ပမာဏ ပို၍တိုးပွားမည် ဖြစ်သည်။ သို့သော်လည်း အာဗြဟံသည် ငြင်းဆန်ခဲ့သည်။ သောဒုံဘုရင်မှ သူ့အားဖြင့် အာဗြဟံ ချမ်းသာသည်ဟု ပြောဆိုခြင်းကို အာဗြဟံသည် မလိုလားခဲ့ပါ။ ‘ဘုရားသခင်သည် အာဗြဟံအား ချမ်းသာစေခဲ့သည်’ ဟု ပြောဆိုခြင်းကိုသာ အာဗြဟံလိုလားသည်။ ထိုပစ္စည်းများသည် အာဗြဟံအား သော်လည်းကောင်း၊ သောဒုံမင်းအားသော်လည်းကောင်း အာရုံပြုမှု ဖြစ်စေပြီး အောင်မြင်မှုကို ပေးသော ဘုရားအား အာရုံပြုမှု လျော့နည်းစေသည်။ လူတို့သည် ကျွန်ုပ်တို့အား ကြည့်သောအခါ၌ ဘုရားသခင် ကျွန်ုပ်တို့ အသက်တာ၌ ပြီးပြည့်စုံစေသော အရာများကို မြင်ရန်လိုအပ်သည်။

Continue… » »


❮ Prev . . . ၁၂ ၁၃ အခန်းကြီး ၁၄ ၁၅ ၁၆ . . . ၅၀ ဒေသနာကျမ်း Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.