❮ Prev . . . ၁၃ ၁၄ အခန်းကြီး ၁၅ ၁၆ ၁၇ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၁၅
၁၅း၁၆ အာမောရိ (Amorites) လူမျိုးတို့သည် ခါနာန်ပြည် (Canaan) ၌ နေထိုင်သော လူမျိုးစုများထဲမှ အနွယ်တစ်ခု၊ နိုင်ငံတစ်ခုဖြစ်သည်။ ခါနာန်ပြည် (Canaan) သည် ဘုရားသခင်မှ အာဗြဟံအား ကတိတော် ထားခဲ့သော ပြည်ဖြစ်သည်။ ထိုသူတို့သည် ပို၍ပို၍ ပျက်စီးဆိုးသွမ်း လာသောကြောင့် တစ်နေ့နေ့၌ ထိုသူတို့အား ဆုံးမရမည်ကို ဘုရားသခင် သိသည်။ ဆုံးမမှု တစ်စိတ်တစ်ဒေသ အနေဖြင့် သူတို့၏ မြေကိုယူ၍ အာဗြဟံ၏ မျိုးနွယ်ဆက်ကို ပေးအပ်ခြင်းလည်း ပါဝင်သည်။ ဘုရားသခင်သည် သူ၏ ကြင်နာမှုဖြင့် အာမောရိ လူမျိုးအား နောင်တရရန် အချိန်များစွာ ပေးထားသော်လည်း ထိုလူတို့ နောင်တရကြမည် မဟုတ်ကြောင်းကို ဘုရားသခင် သိသည်။ အချိန်ကျရောက် သောအခါ၌ သူတို့သည် အပြစ်ပေးခြင်းကို ခံရကြမည်။ ဘုရားသခင် ပြုတော်မူသော အရာအားလုံး တို့သည် ဘုရားသခင်၏ သဘောသဘာဝ အတိုင်းဖြစ်သည်။ ဘုရားသခင်သည် မေတ္တာနှင့်ပြည့်ဝပြီး အရာအားလုံးကို သိရှိကာ တရားသော လုပ်ဆောင်မှုကို ပြုသည်။ သူ၏အချိန်သည် အမှန်ကန်ဆုံး အချိန်ဖြစ်သည်။
❮ Prev . . . ၁၃ ၁၄ အခန်းကြီး ၁၅ ၁၆ ၁၇ . . . ၅၀ ဒေသနာကျမ်း Next ❯