❮ Prev . . . ၂၁ ၂၂ အခန်းကြီး ၂၃ ၂၄ ၂၅ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၂၃
၂၃း၁၀-၁၆ အာဗြဟံ (Abraham) နှင့် ဧဖရုန် (Ephron) တို့အကြား အပြန်အလှန် ယဉ်ကျေးစွာ ပြောဆိုညှိနှိုင်းမှုသည် ထိုအချိန်ကာလ၌ လုပ်လေ့လုပ်ထ ရှိသည့်အတိုင်း ဖြစ်သည်။ ဧဖရုန်သည် အာဗြဟံအား သူ၏မြေကို အဖိုးအခ မယူဘဲ ပေးခဲ့သည်။ အာဗြဟံမှ အဖိုးငွေကို ပေးမည်ဟု အကြိမ်ကြိမ် ပြောသောအခါ၌ ဧဖရုန်သည် ယဉ်ကျေးစွာ တန်ဖိုးကို ပြောခဲ့သော်လည်း အဖိုးသည် အရေးမကြီးပါဟု ပြောခဲ့ပြန်သည်။ အာဗြဟံသည် ငွေလေးပိဿာ(Four hundred shekels of silver) ကို ပေးခဲ့သည်။ ထိုသို့ ညှိနှိုင်းပြောရာ၌ သူတို့ နှစ်ဦးစလုံးပင် ညှိနှိုင်းမှု မည်မျှတာသွား နေသည်ကို သိသည်။ အကယ်၍ အာဗြဟံသည် ထိုမြေကို လက်ဆောင်အဖြစ် ယူခဲ့လျှင် ဧဖရုန်သည် သူ၏မြေအား ပြန်လည်သိမ်းယူ နိုင်ပေသည်။
❮ Prev . . . ၂၁ ၂၂ အခန်းကြီး ၂၃ ၂၄ ၂၅ . . . ၅၀ ဒေသနာကျမ်း Next ❯