❮ Prev . . . ၄၇ ၄၈ အခန်းကြီး ၄၉ ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၄၉
၄၉း၂၃-၂၄ ရန်သူများမှ ယောသပ် (Joseph) အား တိုက်ခိုက်သော အခါ၌ ဘုရားသခင်မှ ကယ်တင်ခြင်းကို ချီးမွမ်းထားခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ တိုက်ပွဲများ၌ ကျွန်ုပ်တို့အား ဘုရားသခင် ကူညီနိုင်ကြောင်းကို သတိမရဘဲ ကိုယ်အားကိုယ်ကိုး၍ တိုက်ခိုက်လေ့ရှိသည်။ တိုက်ပွဲဟုဆိုရာတွင် လက်နက်ရှိသောလူများ ဝိညာဉ်တန်ခိုးများတို့ကို တိုက်ခိုက်ခြင်းဖြစ်သည်။ အခြေအနေ ပို၍ဆိုးဝါး လာသည်နှင့်အမျှ ယောသပ်သည် ဘုရားသခင်နှင့် ပို၍နီးစပ်လာခဲ့သည်။ ဘုရားသခင်မှ ကယ်တင်မည်ဟု ယုံကြည်စိတ်ချခြင်းသည် ကြီးမားသော ယုံကြည်ခြင်း ဖြစ်ကြောင်းကို ဖေါ်ပြသည်။ သင့်အား ထိခိုက်စေသောအခါ နှိပ်စက်ခံရသော အခါများ၌ ဘုရားသခင်ကို သင်သည် ယုံကြည်စိတ်ချ ပါသလား။ ထိုဝိညာဉ် တိုက်ပွဲများ၌ သတ္တိရှိသော သူများ၊ ယုံကြည်သော သူများတို့သည် ကြီးမြတ်သော ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်း စုပေါင်းတိုက်ပွဲ ဝင်ရမည်။