❮ Prev . . . ၄၇ ၄၈ အခန်းကြီး ၄၉ ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၄၉
၄၉း၃-၂၈ ယာကုပ် (Jacob) သည် သူ၏သား တစ်ဦးစီအား ကောင်းကြီးပေးပြီး သူတို့၏ အနာဂတ်ကို မှန်းဆခဲ့သည်။ ထိုသူတို့ အသက်ရှင်နေထိုင်မှုသည် ယာကုပ်မှပေးသော ကောင်းကြီး၊ ပရောဖက် (Prophet) ပြုမှုတို့ အပေါ်၌ တည်မှီသည်။ ကျွန်ုပ်တို့၏ အတိတ်သည် လက်ရှိ အခြေအနေနှင့် အနာဂတ်၏ အခြေအနေတို့ အပေါ်၌ အကျိုးသက်ရောက်မှုရှိသည်။ မနက်ဖြန်နေထွက်သောအခါ၌ ဤနေ့ပြုခဲ့သော အရာများသည် အတိတ်ဖြစ်သွားလေသည်။ ထိုအရာများသည် ကျွန်ုပ်တို့၏ အနာဂတ်ကိုလည်း အစပြုပုံသွင်း ပေလိမ့်မည်။ အနာဂတ်အား ကောင်းမွန်စေရန်အတွက် သင်သည် မည်သည့်အရာကိုဆောင်၍ မည်သည့်အရာကို ရှောင်ရမည်နည်း။