❮ Prev နိဒါန်း အခန်းကြီး ၁ ၂ ၃ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၁
၁း၃-၂၇ ဘုရားသခင်သည် ကမ္ဘာကြီးအား ဖန်ဆင်းရန် မည်မျှကြာပါသနည်း။ အမြင်နှစ်မျိုး ရှိပါသည်။ ယင်းမှာ
(၁) တစ်နေ့တိုင်းသည် ၂၄နာရီ ဖြစ်သည်။
(၂) တစ်နေ့တိုင်းသည် နှစ်သန်းပေါင်းများစွာ ကြာလေသည်။
အချိန်များ မည်မျှကြာသည်ကို ကျမ်းစာ၌ မဖေါ်ပြထားပါ။ မည်မျှကြာသည်ဟူသော မေးခွန်းထက် မည်ကဲ့သို့ ဖန်ဆင်းသနည်းဟူသော မေးခွန်းကို မေးသင့်ပါသည်။ ဘုရားသခင်သည် ကမ္ဘာကြီးအား အစီအစဉ်တကျ ဖန်ဆင်းခဲ့သည်။ လူယောက်ျားနှင့် လူမိန်းမတို့ကို ထူးခြားစွာ ဖန်ဆင်းခဲ့ပြီး သူနှင့်မိဿဟာယ ပြုလုပ်နိုင်သည်။ အခြားသောမည်သည့် ဖန်ဆင်းထားသောအရာမျှ ထိုအခွင့်ရေးမျိုး မရရှိပါ ဖန်ဆင်းခြင်း မည်မျှကြာညောင်းသည်မှာ အရေးမကြီးပါ။ ဘုရားသခင်သည် သူအလိုရှိသည့်အတိုင်း ဖန်ဆင်းခြင်းအမှုကို ပြုခဲ့သည်။