❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . Next ❯
ရှင်ယာကုပ်ဩဝါဒစာ James
အခန်းကြီး ၁
၁း၁ ဤစာကို ရေးသားသောသူမှာ ယေရုရှလင်မြို့ (Jerusalem) ၌ ရှိသော အသင်းတော်၏ ခေါင်းဆောင် ယေရှု၏ညီ ယာကုပ် (James) ဖြစ်သည်။ စာရေးသူသည် တမန်တော်ယာကုပ် (Apostle James) မဟုတ်ပါ။ ဤစာစောင်သည် အေဒီ ၅၀ မတိုင်မီ ရှေးဦးစွာ ရေးသားထားသော စာစောင်များ၌ တခုအပါအဝင် ဖြစ်သည်။ သတေဖန် (Stephen) (တ ၇း၅၅၊ ၈း၃) အား ကွပ်မျက်ပြီးနောက်တွင် နှိပ်စက်ညှင်းပန်း ခြင်းသည် ပို၍ တိုးပွားလာသောကြောင့် ယေရုရှလင်ရှိ ခရစ်ယာန် များသည် ရောမလူမျိုး (Romans) တို့ ပိုင်နက်ဒေသများ၌ တကွဲတပြား ပျံ့နှံ့သွားလေသည်။ ရောမမြို့ (Rome) ၌၎င်း၊ အလက်စန္ဒြိယားမြို့ (Alexandria) ၌၎င်း၊ ကုပရုကျွန်း (လ) ၌၎င်း၊ ဂရိတ် (Great) နှင့် အာရှမိုင်းနား (Asia Minor) မြို့များ၌၎င်း တိုးတက်ကြီးပွားသည့် ဂျူး (Jew) လူမျိုး ခရစ်ယာန် အစုများ ရှိခဲ့သည်။ ထိုကနဦး ယုံကြည်သူများအား အခြေခိုင်သော အသင်းတော်များမှ ထောက်ပံ့ပေးခဲ့ခြင်း မရှိသောကြောင့် စာရေးသူသည် ဤစာစောင်အားဖြင့် ခက်ခဲသော အချိန်များ၌ သူတို့၏ ယုံကြည်ခြင်းကို အားပေးသည့် အနေဖြင့် ရေးသားထားခဲ့သည်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . Next ❯