❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၂ . . . Next ❯


« « မာတိကာ Table of Contents

ရှင်ယာကုပ်ဩဝါဒစာ James

အခန်းကြီး ၂

၂း၁-၇ ရှင်ယာကုပ်က မျက်နှာသာပေးမှုများကို ရှုံ့ချထားသည်။ ကျွန်ုပ်တို့သည် သန့်ပြန့်စွာ ဝတ်ဆင်သူ၊ ရုပ်ရည်လှပသူများအား ကောင်းမွန်စွာ ဆက်ဆံလေ့ ရှိကြသည်။ ထိုသို့လုပ်ဆောင်ရခြင်းမှာ အောင်မြင်သော သူများနှင့် ကျွန်ုပ်တို့သည် တူညီမှုရှိသည်ဟု ခံစားလို၍ ဖြစ်သည်။ စာရေးသူမှ သတိပေးထားသည်မှာ ထိုအောင်မြင်သူများသည် ကျွန်ုပ်တို့အား အသုံးချပြီး ထိုအောင်မြင်ခြင်းများကို ရရှိနေခြင်း ဖြစ်နေတတ်သည်။ ထိုသူတို့ကို အရှင်ယေရှုနှင့် တဆင့်တတန်းတည်း ဖြစ်ကြောင်း ခံယူရခက်သည်။ အဘယ်ကြောင့်ဆိုသော် အရှင်ယေရှုသည် နှိမ့်ချစွာ ကြွလာခဲ့သောကြောင့် ဖြစ်သည်။ သင်သည် အဆင့်အတန်းအရ၎င်း၊ ကြွယ်ဝခြင်းအရ၎င်း၊ ကျော်ကြားမှုအရ၎င်း အလွယ်တကူ အထင်ကြီးမှု ဖြစ်တတ်ပါသလား။ သင်သည် ပြည့်စုံကြွယ်ဝသူများအား မျက်နှာလိုက်ပြီး မရှိဆင်းရဲသူများအား ပစ်ပယ်လေ့ရှိပါသလား။ ထိုသို့လုပ်ဆောင်ခြင်းသည် အပြစ်ရှိသည်။ ဘုရားသခင်သည် လူသားအားလုံးတို့အား တူညီမျှသစွာ ရှုမြင်သည်။ ဆင်းရဲသောသူ၊ အားနည်းသောသူများအား သာ၍ မျက်နှာသာ ပေးတတ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဥပဒေအတိုင်း လိုက်လျှောက်သင့်သည်။

Continue… »»


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၂ . . . Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.