❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ Next ❯
ရှင်ယာကုပ်ဩဝါဒစာ James
အခန်းကြီး ၃
၃း၁ ယုဒ (Judas) တို့၏ လူ့ဘောင် အဖွဲ့အစည်းတွင် ဆရာများအား တန်ဖိုးထား အရိုအသေ ပေးလေ့ရှိကြသည်။ ခရစ်ယာန်ဘာသာကို လေ့လာလိုက်စားသော ဂျူး (Jew) လူမျိုးများသည် နောင်တချိန်၌ ဆရာများဖြစ်လိုကြသည်။ ရှင်ယာကုပ် (James) က ဆရာဖြစ်လိုခြင်းသည် ကောင်းသော်လည်း ကြီးမားသော တာဝန်ရှိကြောင်းကို သတိပေးထားသည်။ အဘယ်ကြောင့်ဆိုသော် ဆရာတို့၏ ပြောဆိုချက်များ၊ ပုံပမာများသည် အခြားသူများ၏ ဝိညာဉ်အသက်တာ အပေါ်၌ အကျိုးသက်ရောက်မှု ရှိသည်။ သင်သည် ဆရာတစ်ဦး၊ ခေါင်းဆောင်တစ်ဦး ဖြစ်နေပါလျှင် သင်၏ ဦးဆောင်မှုအတိုင်း လိုက်လျှောက်နေသော သူများအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှု ရှိနေပါသနည်း။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ Next ❯