❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . ၂ ၃ အခန်းကြီး ၄ ၅ Next ❯
ရှင်ယာကုပ်ဩဝါဒစာ James
အခန်းကြီး ၎
၎း၁-၃ ယုံကြည်သူများ အတွင်း၌ ဖြစ်ပေါ်လာသော မတိုက်ဆိုင်မှု၊ ငြင်းခုံမှုများတို့သည် အစဉ်အမြဲ အန္တရာယ်ရှိသည်။ ရှင်ယာကုပ် (James) က ထိုငြင်းခုံမှုတို့သည် ကျွန်ုပ်တို့အတွင်း၌ ရှိသောမကောင်းသည့် လိုအင်ဆန္ဒများ၏ လွန်ဆွဲမှုမှ ပေါက်ဖွားလာသည် ဟုပြောသည်။ ကျွန်ုပ်တို့သည်ပို၍ ပိုင်ဆိုင်လိုခြင်း၊ ချမ်းသာလိုခြင်း၊ အဆင့်အတန်းမြင့်လိုခြင်း၊ အသိအမှတ်ပြု ခံရလိုခြင်း ရှိကြသည်။ ကျွန်ုပ်တို့ လိုချင်သောအရာကို မရသောအခါ၌ ထိုအရာကို ရရှိအောင် တိုက်ခိုက်လုရက် လုပ်ဆောင်တတ်သည်။ လိုချင်သော အရာများကို ရရှိအောင် တဇွတ်ထိုး လုပ်ဆောင်မည့်အစား မိမိကိုယ်ကို ဘုရားသခင်၌ အပ်နှံပြီး တကိုယ်ကောင်း ဆန်မှုများကို ဖယ်ရှားပေးရန် ဘုရားသခင်၏ အကူအညီကို တောင်းခံပါ။ ကျွန်ုပ်တို့၏ အမှန်တကယ် လိုအပ်သည့် အရာများကို ဘုရားသခင်က ပေးမည်ဖြစ်ကြောင်းကို ယုံကြည်စိတ်ချပါ။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . ၂ ၃ အခန်းကြီး ၄ ၅ Next ❯