❮ မာတိကာ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . Next ❯
ရှင်ယာကုပ်ဩဝါဒစာ James
နိဒါန်း Introduction
‘အံ့သြဖွယ်ရာ’ ̕’အသစ်သောနည်းပညာ’ ‘အကြီးမြတ်ဆုံးသော’ ဟူသော စကားများကို ဘာသာရေး စာစောင်များ၊ အစီအစဉ်များ၌ တွေ့ရပေမည်။ ဟောပြောသော တရားများသည်လည်း ကျွန်ုပ်တို့အား တက်ကြွမှုကို ဖြစ်စေသည်။ ပစ္စည်း အသုံးအဆောင် ကြော်ငြာများသည်လည်း ထိုပစ္စည်းများသည် မည်မျှ သစ်လွင် တိုးတက်ကောင်းမွန်ပြီး လူနေမှု အသက်တာများကို မည်ကဲ့သို့ ပြောင်းလဲနိုင်ကြောင်း ဖော်ပြထားသည်။ ဈေးနှုန်းသက်သာစွာဖြင့် အဝတ်ဖြူစင်စေသော ဆပ်ပြာ၊ သွားကို ဖြူစင်စေသော သွားတိုက်ဆေး၊ ဆံပင်ကို အလှတိုးစေသည့် ဆေးအရသာရှိသော အစားအစာကို ရနိုင်သည့် ကြော်ငြာများလည်း တွေ့ရခြင်း၊ ရေမွှေး၊ အချိုရည်၊ သွားတိုက်ဆေးတို့သည် ကျွန်ုပ်တို့အား ပျော်ရွှင်ခြင်းကို ပေးမည်၊ ကောင်းမွန်သော အသက်တာသို့ ပို့ဆောင်နိုင်မည်ဟု အာမခံထားသည်။ ရွေးကောက်ပွဲ မတိုင်မီကာလ၌ နိုင်ငံရေးသမားများ ပြုသော ကတိများသည် အံ့မခန်းပင် လွယ်ကူစွာ ပြောဆိုကြသည်။ သို့သော် ထိုပြောဆိုချက် များသည် အနှစ်သာရ ကင်းမဲ့ပြီး အမှန်တရားနှင့် လွန်စွာ ကွာဝေးတတ်သည်။
❮ မာတိကာ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . Next ❯