❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
နိဒါန်း Introduction
အမှာစကား
ဘုရားသခင်၏ အမိန့်တော်အားဖြင့် နဂါးငွေ့တန်း (Galaxies) စတင်လှုပ်ရှား ခဲ့သည်။ ဂြိုဟ်၊ နက္ခတ် တို့သည် နေကို စတင်ပတ် ခဲ့ကြသည်။ သူ၏ အမိန့်သည် အလွန်ကြီး မြတ်သော အတိုင်းအဆ မရှိသော တန်းခိုးနှင့် ပြည့်ဝသော စကား မဟုတ်ပါလား။ သူသည် ထပ်မံ၍ မိန့်ဆိုသောအခါ၌ ရေနဲ့မြေတို့သည် အပင်၊ သက်ရှိသတ္တဝါများနှင့် ပြည့်ခဲ့လေသည်။ သူသည် နောက်တစ်ကြိမ် မိန့်ဆိုသော အခါ၌ တွေးခေါ်တတ်သော၊ စကားပြောတတ်သော၊ ချစ်တတ်သော၊ လူယောက်ျားနှင့် လူမိန်းမတို့ ဖြစ်ပေါ်လာလေသည်။ သူသည် ထာဝရ အစအဆုံးမရှိ၊ အတိုင်းအတာ မရှိသောသူ ဖြစ်ခဲ့ သကဲ့သို့ ယခုအချိန်၌လည်း ထိုကဲ့သို့ဖြစ်ပြီး နောက်နောင် ကာလ၌လည်း ထိုကဲ့သို့ ဆက်လက် တည်ရှိနေမည်။ ဖန်ဆင်းရှင်သည် အစစ အရာရာ ရှိသမျှ အားလုံး၏ အရှင်သခင်ဖြစ်သည်။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯