❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၂
၂း၁၄ ထိုဗိမာန်တော် (Temple) ရှိရာနေရာသည် ပဿခါပွဲ (Passover) အချိန်၌ အခြားမြို့မှလာသော ဧည့်သည် ထောင်ပေါင်းများစွာနှင့် ပြည့်နေလေ့ရှိသည်။ ဘာသာရေး ခေါင်းဆောင်များမှ ငွေလဲလှယ်သောသူများ၊ ကုန်သည်များအား (တစ်ပါး အမျိုးသားတို့၏ စုဝေးရာအရပ်)၌ နေရာပေးထား သောကြောင့် ထိုနေရာသည် ပို၍ပင်လူများနှင့် ကျပ်သိပ် နေသည်။ ထိုသို့နေရာ ပေးခြင်းဖြင့် ကိုးကွယ်ရန် လာရောက်သော သူများအားပို၍ အဆင်ပြေစေပြီး ဗိမာန်တော်ကို ပြင်ဆင် မွမ်းမံထိန်းသိမ်း ရန်အတွက် ငွေကြေးရရှိသည်။ (တစ်ပါး အမျိုးသားတို့၏ စုဝေးရာအရပ်) သည် ကုန်သည်များနှင့် ပြည့်နေသောကြောင့် အခြားသော ဒေသမှ လာရောက်သူများသည် ဗိမာန်တော်၌ ဝတ်ပြုရန်ခက်ခဲခြင်းကို ဘာသာရေး ခေါင်းဆောင်များ လစ်လျူရှူ ခဲ့ကြသည်။ ဘုရားသခင်အား ဝတ်ပြုခြင်းသည် ထိုဗိမာန်တော်သို့ လာရောက်ရခြင်း၏ အဓိက အကြောင်းဖြစ်သည်။ ထို့ကြောင့်လည်း ယေရှုသည် အမျက်ထွက် ခဲ့လေသည်။
❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯