❮ Prev . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၃
၃း၁ နိကောဒင် (Nicodemus) သည် ဖာရိရှဲ (Pharisee) ဖြစ်ခဲ့ပြီး အစိုးရအဖွဲ့ဝင် ဖြစ်သည်။ ဖာရိရှဲတို့သည် ယေရှု (Jesus) နှင့် နှစ်ခြင်းဆရာ ယောဟန် (John the Baptist) တို့ကို ပုတ်ခတ်ပြောဆိုသော ဘာသာရေး ခေါင်းဆောင်များ ဖြစ်ကြသည်။ ဖာရိရှဲ အများစုတို့သည် ယေရှုအား အလွန်ပင် မနာလိုဖြစ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် ဖာရိရှဲတို့၏ အာဏာနှင့် အမြင်များကို သေးငယ်စေခြင်း၊ စိန်ခေါ်ခြင်းကြောင့် ဖြစ်သည်။ သို့သော် နိကောဒင်သည် စူးစမ်းတတ်သော သူဖြစ်ပြီး ယေရှု၌ အဖြေများရှိသည်ဟု ယုံကြည်သည်။ သူသည် ခံယူတတ်သောသူ ဖြစ်သောကြောင့် သူသည် ယေရှုထံသို့ လာရောက်ပြီး သင်ယူမှုကို ခံယူသည်။ သင်သည်မည်မျှပင် ထက်မြက်သောသူ၊ ပညာရှိသောသူ ဖြစ်စေကာမူ၊ ယေရှုထံသို့ စိတ်နှလုံးတံခါကို ဖွင့်ပြီး လာရောက်လျှင် သူသည် သင့်အား ဘုရားရှင်နှင့် စပ်ဆိုင်သော အမှန်တရားကို သင်ပေးနိုင်သည်။
၃း၁ နိကောဒင်သည် သူ၏တပည့်ကို စေလွှတ်နိုင် သော်လည်း ထိုသို့စေလွှတ်ခြင်းမပြုဘဲ ယေရှုထံသို့ သူ ကိုယ်တိုင် လာရောက်ခဲ့သည်။ သူသည် ယေရှုနှင့် ပတ်သက်၍ ကောလဟာလ သတင်းများနှင့် အမှန်တရား ခွဲခြားမှုကို သူကိုယ်တိုင် သိလိုသည်။ နိကောဒင်သည် သူ၏ အသိုင်းအဝိုင်း ဖာရိရှဲများ၏ ဝေဖန်မှုကို ကြောက်သောကြောင့် ယေရှုထံသို့ ညအချိန်၌ လာရောက်ခဲ့သည်။ ယေရှုသည် မေရှိယ (Messiah) ဖြစ်ကြောင်းကို သူသည် သိသောအခါ၌ ယေရှုအား ရဲဝံ့စွာ ကာကွယ်ပြောဆို ခဲ့သည် (၇း၅၀-၅၁)။ နိကောဒင်ကဲ့သို့ ကျွန်ုပ်တို့ သည်လည်း ယေရှုအား မိမိကိုယ်တိုင် မြည်းစမ်းစုံစမ်း ကြည့်ရပေမည်။ အခြားသူများမှ ကျွန်ုပ်တို့အတွက် လုပ်ပေး၍မရပါ။ ထို့နောက် ယေရှုသည် မည်သူ ဖြစ်ကြောင်း သိရှိသောအခါ၌ သူ့အတွက် ကျွန်ုပ်တို့က သက်သေခံ၍ ပြောဆိုလိုပေလိမ့်မည်။
❮ Prev . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯