❮ Prev . . . ၂ ၃ အခန်းကြီး ၄ ၅ ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၎
၎း၁-၃ ယေရှုအား ဆန့်ကျင်သောအင်အားစု (အထူးသဖြင့် ဖာရိရှဲ (Pharisees))များ ပေါ်ထွန်းခဲ့သည်။ သူတို့သည် ယေရှု၏ ထင်ပေါ်မှုနှင့် သူပြောသော အရာများပေါ် မနှစ်မြို့ကြပေ။ အဘယ်ကြောင့်ဆိုသော် ယေရှု၏ သင်ကြားမှုများသည် သူတို့ပြောသော အရာများနှင့် ဆန့်ကျင်သောကြောင့် ဖြစ်သည်။ ယေရှုသည် သူ၏ သာသနာပြု လုပ်ငန်းကို အစပြုချိန် ဖြစ်သောကြောင့် ထိုသာသနာ့ ခေါင်းဆောင်များနှင့် ထိပ်တိုက် ရင်မဆိုင် လိုသောကြောင့် မြောက်ပိုင်း ဂါလိလဲပြည် (Galilee) သို့ ထွက်ခွာသွားခဲ့သည်။
၎း၎ ရှုမာရိမြို့တော် (Samaria) ဖြစ်သော မြောက်ပိုင်းနိုင်ငံသည် အာရှုရိ (Assyria) လက်အောက်သို့ ကျရောက်သွားသောအခါ၌ ဂျူးလူမျိုး (Jewish) အများစုသည် နှင်ထုတ်ခြင်းခံရပြီး အခြားနိုင်ငံသားများကို ထိုမြို့၌ အခြေချစေခဲ့သည် (၄ ရာ ၁၇း၂၄)။ ထို အခြားသော နိုင်ငံသားများနှင့် ကျန်ရစ်သော ဂျူးလူမျိုးတို့ အိမ်ထောင်ပြုခြင်းဖြင့် ရှမာရိတန် (Samaritan) လူမျိုး ပေါ်ပေါက်လာခဲ့သည်။ ထို ရှမာရိတန်လူမျိုးကို တောင်ပိုင်းနိုင်ငံရှိ ဂျူးလူမျိုးများက မသန့်ရှင်းသောသူ၊ လူမျိုးနှင့် တိုင်းနိုင်ငံကို မထီလေးစား ပြုသောသူများဟု ယူဆပြီး သူတို့အား မုန်းတီးခဲ့သည်။ ရှမာရိတန်လူမျိုးများက ဂေရဇိမ်တောင် (Mount Gerizim) ၌ ဝတ်ပြုရန် ဗိမာန်တော်ကို တည်ဆောက်ခဲ့သော်လည်း အနှစ် ၁၅၀ စော၍ ဖျက်ဆီးခြင်းခံရသည်။ ဂျူးလူမျိုးတို့သည် ရှမာရိပြည်ကို တတ်နိုင်သမျှ ရှောင်သွားလေ့ ရှိကြသည်။ ယေရှုသည် ရှမာရိပြည်ကို ဖြတ်သောလမ်းကို ရွေးချယ်ခဲ့သည်။
❮ Prev . . . ၂ ၃ အခန်းကြီး ၄ ၅ ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯