❮ Prev . . . ၃ ၄ အခန်းကြီး ၅ ၆ ၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၅
၅း၁ ယေရုရှလင်မြို့ (Jerusalem) သို့ ဂျူး (Jewish) လူမျိုး အမျိုးသားများ သွားရသော ပွဲတော် (၃) ခုရှိသည်။
(၁) ပဿခါပွဲ (Passover) နှင့် တဆေးမဲ့မုန့်ပွဲ (Unleavened bread)
(၂) ပင်တေကုတ္တေပွဲ (Pentecost) (ရိတ်သိမ်းပွဲ)
(၃) သကေနေပွဲ (Tabernacles)
၅း၆ (၃၈) နှစ်မျှ ကြာခဲ့ပြီးသောအခါ၌ ထိုသူ၏ ပြဿနာသည် သူ၏ အသက်တာ၏ တစိတ်တဒေသ ဖြစ်လာရသည်။ သူ့ကို မည်သူကမျှ မကူညီခဲ့ပါ။ သူ့ကိုယ်သူ ပြန်လည် ကျန်းမာလာမည်ဟု မျှော်လင့်ချက် မထားတော့ သကဲ့သို့ သူ့ကိုယ်သူ ပြန်လည် ကျန်းမာလာအောင် အားထုတ်လိုစိတ်လည်း မရှိတော့ပါ။ သူ၏ အခြေအနေသည် မျှော်လင့်ချက် ကင်းမဲ့လျက်ရှိသည်။ အမှန်မှာ သင့်ဘဝတွင် အားနည်းမှုများ အကြား၌ ရုန်းမထွက်နိုင်အောင် ရှိနေသော်လည်း ဘုရားရှင်သည် သင်၏ စိတ်နှလုံးအတွင်းရှိ လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်ပါသည်။ ပြဿနာများ၊ ခက်ခဲမှုများသည် သင်၏ မျှော်လင့်ချက်များကို ပျောက်ကွယ်စေသော အကြောင်း မဖြစ်ပါစေနှင့်။ ထိုခက်ခဲမှု များမှတစ်ဆင့် ဘုရားရှင်သည် သင့်အား အထူးလုပ်ဆောင်မှုများကို စေခိုင်းနိုင်ပေသည်။ မိမိတို့၏ နာကျင်မှုများကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သော သူတို့သည် အခြားသူများ၏ နာကျင်ခြင်းကို ထိရောက်စွာ ဖြေရှင်းတတ်သည်။
❮ Prev . . . ၃ ၄ အခန်းကြီး ၅ ၆ ၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯