❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁
၁း၁၄ ‘နှုတ်ကပတ်တော် သည်လည်း လူ့ဇာတိကို ခံယူ၍’ ၎င်း၏ အဓိပ္ပါယ်မှာ လူသားဖြစ်လာခြင်းကို ဆိုလိုသည်။ ထိုသို့လူ့ဇာတိကို ခံယူခြင်းဖြင့် ခရစ်တော်သည်
(က) ပြီးပြည့်စုံသော ဆရာယေရှု၏ အသက်တာကို ကြည့်ခြင်းဖြင့် ဘုရားရှင်သည် မည်ကဲ့သို့ စဉ်းစား ဆင်ခြင်သည်ကိုသိနိုင်ပြီး ကျွန်ုပ်တို့မှ မည်ကဲ့သို့ စဉ်းစားဆင်ခြင် သင့်သည်ကို သိရှိနိုင်သည် (ဖိ ၂း၅-၁၁)။
(ခ) ပြီးပြည့်စုံသော ဥပမာ – ကျွန်ုပ်တို့သည် မည်သို့သောသူ ဖြစ်ရမည်။ မည်သို့အသက်ရှင်ရမည်။ ထိုသို့ အသက်ရှင်နိုင်အောင် ခွန်အားကို ပေးသည် (၁ ပေ ၂း၂၁)။
(ဂ) ပြီးပြည့်စုံသော ယဇ်ကောင် – ယေရှုသည် အပြစ်အားလုံးအတွက် အသေခံရန် လာရောက်ခဲ့ပြီး သူ၏ အသေခံခြင်းသည် ဘုရားရှင်အား လူတို့၏အပြစ်များအတွက် ပေးဆပ်ရမည့် အရာများကို ပြည့်စုံစေသည် (ကော ၁း၁၅-၂၃)။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯