❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁
၁း၂၉ မနက်နှင့် ညနေစောင်းအချိန်များတွင် လူတို့၏ အပြစ်များအတွက် သိုးတို့ကို တဲတော် (Tabernacle) ၌ ယဇ်ပူဇော် ခဲ့ကြသည် (ထွ ၂၉း၃၈-၄၂)။ ဟေရှာယအနာဂတ္တိကျမ်း ၅၃း၇ ၌ ပရောဖက်ပြုထားသည်မှာ မေရှိယသည် သိုးသူငယ်ကဲ့သို့ အသတ်ခံရမည်ဖြစ်သည်။ အပြစ်၏ အဖိုးအခကို အသက်ပေးခြင်းဖြင့်သာ ပေးဆပ်နိုင်သည်။ ဘုရားသခင်သည် သူကိုယ်တိုင် အသက်ပေးခဲ့သည်။ ယေရှုသည် ပြီးပြည့်စုံသော ယဇ်ကောင်အဖြစ် အသေခံခဲ့သောအခါ၌ ဤလောက၏ အပြစ်များသည် ဖယ်ရှားခြင်းကို ခံရသည်။ ထိုသို့အားဖြင့် ကျွန်ုပ်တို့သည် အပြစ်များမှ လွတ်ခြင်းအခွင့်ကို ရနိုင်သည် (၁ ကော ၅း၇)။ ‘လောက၏ အပြစ်များ’ ၏ အဓိပ္ပါယ်မှာ ကျွန်ုပ်တို့ တစ်ဦးစီ၏ အပြစ်။ ကျွန်ုပ်တို့ အားလုံး၏ အပြစ်ကို ဆိုလိုသည်။ ယေရှုသည် သူ၏ သေခြင်းဖြင့် သင်၏အပြစ်ကြွေးကို ပေးဆပ်ခဲ့သည်။ သင်သည် သူ့ထံ၌ သင်၏ အပြစ်များကို ဝန်ချခြင်း၊ သူ့အား ခွင့်လွှတ်ခြင်းကို တောင်းခံခြင်းဖြင့် သင်သည် အပြစ်မှလွှတ်ခြင်းကိုရရှိနိုင်သည်။
၁း၃၀ နှစ်ခြင်းဆရာ ယောဟန်သည် နာမည် ကျော်ကြားသော လူအများထက် သာလွန်သော အမှုတော်ဆောင်ဖြစ်သော်လည်း ယေရှုထက်နိမ့်သော အဆင့်၌ ရောင့်ရဲတင်းတိမ်ခဲ့သည်။ ယင်းသည် စစ်မှန်သော နှိမ့်ချခြင်း ဖြစ်ပြီး ကြီးမြတ်သော ဟောပြောခြင်း၊ သင်ပြခြင်းတို့၏ အခြေခံ၊ ခရစ်တော် အတွက် အမှုတော်ဆောင်လုပ်ငန်း၌ အဓိကကျသော အချက်ပင် ဖြစ်သည်။ သင်သည် ဘုရားသခင်က လုပ်စေလိုသောအလုပ်၌ ကျေနပ်ရောင့်ရဲလျှင်လည်းကောင်း၊ သင်၏လုပ်ဆောင်ချက် အားလုံးသည် ခရစ်တော်ယေရှုအား ချီးမွမ်းခြင်းကို ဖြစ်စေလျှင်လည်းကောင်း၊ သင့်အားဖြင့် ဘုရားရှင်သည် ကြီးမြတ်သော လုပ်ဆောင်မှုများကို ပြုလုပ်လိမ့်မည်။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯