❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁
၁း၃၅ တပည့်တော်တို့သည် ယေရှုအား အမည်နာမ အမျိုးမျိုးဖြင့် ခေါ်ဆိုခဲ့သည်။ ဥပမာ
- ဘုရားသခင်၏ သိုး (Lamb) သူငယ် (၁း၃၆)
- ရဗ္ဗိ (Rabbi) (၁း၃၈)
- မေရှိယ (Messiah) (၁း၄၁)
- ဘုရားရှင်၏ သားတော် (Son) (၁း၄၉)
- ဣသရေလ (Israel) လူတို့၏ ရှင်ဘုရင် (King) (၁း၄၉)
ခရစ်တော်ကို ပို၍သိနားလည်အောင် ကျွန်ုပ်တို့သည် ပို၍အချိန်ပေးရမည်။ သို့မှသာ ပို၍ နားလည်ပြီး သူ့ကို ပို၍ အလေးအမြတ် ပြုမည်ဖြစ်သည်။ ထိုအခါ၌ သူ၏ သင်ကြားမှုတို့က ကျွန်ုပ်တို့အား ဆွဲဆောင်မှုကို ဖြစ်စေပြီး ကျွန်ုပ်တို့သည် သူ့အား ဘုရားသခင်၏ သားတော်အဖြစ် ပို၍ သိလာမည်။ တပည့်တော်တို့က ယေရှုအား ခေါ်ဆိုသော အမည်နာမ တစ်မျိုးမှ တစ်မျိုးသို့ ရက်အနည်းငယ် အတွင်းတွင် ပြောင်းလဲသော်လည်း ယေရှုကို အပြည့်အဝ နားလည်ရန်မှာ (၃) နှစ်ကြာခဲ့သည် (တ ၂)။ တပည့်တော်တို့ နှုတ်မြွက်ခဲ့သည့် အတွေ့အကြုံအားဖြင့် ပို၍နားလည် လာရသည်။ ယုံကြည်ခြင်းဟူသော စကားလုံးသည် ကျွန်ုပ်တို့ထံမှ လွယ်ကူစွာ ထွက်လာနိုင်သော်လည်း ခရစ်တော်အား တန်ဖိုးထားရှိခြင်း၊ ကျေးဇူးတင်ရှိခြင်းသည် ယုံကြည်ခြင်း၌ အသက်ရှင်ခြင်းဖြင့်သာ ဖြစ်ပေါ် လာရသည်။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯