❮ Prev . . . အခန်းကြီး ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၃

၃း၁၀-၁၁ ဤကျမ်းစာ သင်ကြားသူ ဓမ္မဆရာသည် ဓမ္မဟောင်းကို နားလည်သိရှိ ခဲ့သော်လည်း မေရှိယ (Messiah) နှင့် ပတ်သက်၍ ပြောခဲ့သည်များကို နားမလည်ခဲ့ပါ။ နားလည် သိရှိခြင်းသည် ကယ်တင်ခြင်း မဟုတ်ပါ။ သင်သည် ကျမ်းစာကို နားလည်သိရှိ ရမည်ဖြစ်သည်။ ထိုထက်ပို၍ အရေးကြီးသည်မှာ ကျမ်းစာ၌ ဖော်ပြထားသော ဘုရားသခင်နှင့် ကယ်တင်ခြင်း တရားကို နားလည်ရန်ဖြစ်သည်။

၃း၁၄-၁၅ ဣသရေလ (Israel) လူများ တော၌ လည်နေသော ကာလတွင် ဘုရားသခင်သည် မြွေအားဖြင့် သူတို့၏ ပုန်ကန်လိုသော စိတ်နေစိတ်ထားကို အပြစ်ပေးခဲ့သည်။ မြွေ၏အဆိပ်ကြောင့် သေခါနီးဖြစ်နေသော သူများသည် ကြေးဖြင့်လုပ်သော ကြေးမြွေရုပ်ကို မျှော်ကြည့်သည်။ ထိုသို့မျှော်ကြည့် သောအခါ ဘုရားသခင်သည် သူတို့ကို ကျမ်းမာစေမည်ဟု ယုံကြည်သည်။ ထိုယုံကြည်ခြင်းက သူတို့ကို ကျမ်းမာစေခဲ့သည် (တော ၂၁း၈-၉)။ ထိုနည်းတူစွာ ကျွန်ုပ်တို့သည် ယေရှုကို မျှော်ကြည့်သောအခါ ကယ်တင်ခြင်း ရမည်ဟု ယုံကြည်ရသည်။ ထိုနည်းအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား သေပြစ်၏ အဆိပ်မှ ကျန်းမာစေသည်။

Continue… »»


❮ Prev . . . အခန်းကြီး ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.