❮ Prev . . . အခန်းကြီး ၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၅

၅း၂၇ ဓမ္မဟောင်းကျမ်း (Old Testament) ၌ ပေါ်ထွန်းတော်မူမည့် မေရှိယ (Messiah) ၏ နိမိတ် (၃) ခုကို ဖော်ပြခဲ့သည်။ ဤကျမ်းပိုဒ်၌ ယောဟန် (John) သည် ယေရှု (Jesus) က ထိုနိမိတ် (၃) ခု စလုံးကို ပြည့်စုံစေကြောင်း ဖော်ပြထားသည်။ ယင်းတို့မှ

(၁) စီရင်ပိုင်ခွင့်ကို သားတော်၌ ပေးအပ်ခဲ့သည် (၅း၂၇၊ ဒံ ၇း၁၃-၁၄)။
(၂) ကျန်းမာခြင်းအခွင့်ကို ပေးနိုင်သည် (၅း၂၀-၂၁၊ ဟေရှာ ၃၅း၆၊ ယေ ၃၁း၈-၉)။
(၃) သေသောသူကို ရှင်ပြန်ထမြောက် စေနိုင်သည် (၅း၂၁၊၂၈၊ တရား ၃၂း၃၉၊ ၁ ရာ ၂း၆၊ ၄ ရာ ၅း၇)။

၅း၂၉ ခရစ်တော်ကို ပုန်ကန်သော သူတို့သည်လည်း ရှင်ပြန်ထမြောက် ကြမည်ဖြစ်ပြီး သူတို့သည် ဘုရားသခင်၏ စီရင်တော် မူချက်တို့ကို ကြားရပြီးနောက် ဘုရားရှင်နှင့် ထာဝရ ခွဲခွာခြင်းကို ခံခဲ့ရမည်ဖြစ်သည်။ ထိုသူတို့သည် ဘုရားရှင်အား မျက်ကွယ်ပြု၍ ကမ္ဘာကြီး၌ ချမ်းသာစွာ နေလိုကြသော သူများဖြစ်ပြီး အဆုံး၌ သေခြင်းတရားနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ထိုသူတို့သည် သေခြင်းတရား၌ အဆုံးမသတ်မီ အချိန်တွင် စီရင်ခြင်းကိုခံရလိမ့်မည်။

Continue… » »


❮ Prev . . . အခန်းကြီး ၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.