❮ Prev . . . ၄ ၅ အခန်းကြီး ၆ ၇ ၈ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၆
၆း၃၉ ခမည်းတော်က ပေးပြီးသောသူ တစ်ဦးတစ်ယောက်ကိုမျှ ယေရှုသည် ပျောက်ဆုံးစေမည် မဟုတ်ကြောင်းကို ယေရှုက ပြောခဲ့သည်။ ထို့ကြောင့် ယေရှုခရစ်တော်အား ကယ်တင်ရှင်အဖြစ် ယုံကြည်ရန် ရိုးသားစွာ ဆုံးဖြတ်ချက် ချထားသော သူတိုင်းသည် ထာဝရအသက် ရရှိရန် သေချာသည်။ သူ၏ လူများအား စာတန် (Satan) က အနိုင်ယူပြီး ကယ်တင်ခြင်း ဆုံးရှုံးရန်အတွက် ခရစ်တော်သည် ဘယ်သောအခါမျှ ခွင့်ပြုလိမ့်မည် မဟုတ်ပါ (၁၇း၁၂၊ ဖိ ၁း၆)။
၆း၄၀ ယေရှုခရစ်တော် ပြန်လည်ကြွလာ သောအခါ၌ ခရစ်တော်အား ယုံကြည်သော သူတို့သည် ခန္ဓာသေခြင်းမှ ရှင်ပြန်ထမြောက်လျက် ဘုရားသခင်နှင့်အတူ ထာဝရ အသက်ရှင် ရမည်ဖြစ်သည် (၁ ကော ၁၅း၅၂၊ ၁ သက် ၄း၁၆)။
❮ Prev . . . ၄ ၅ အခန်းကြီး ၆ ၇ ၈ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯