❮ Prev . . . ၆ ၇ အခန်းကြီး ၈ ၉ ၁၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၈
၈း၃-၆ ဂျူး (Jew) ခေါင်းဆောင်များသည် အမျိုးသားကို မဖမ်းဆီးဘဲ အမျိုးသမီးကိုသာ ဖမ်းဆီးခြင်းအားဖြင့် ဥပဒေကို ဂရုမပြုခဲ့ပေ။ ဥပဒေအရ မှားယွင်းမှုပြုသောသူ နှစ်ဦးစလုံးကို ကျောက်ခဲဖြင့် ပစ်ခံရမည်ဖြစ်သည် (ဝတ် ၂၀း၁၀၊ တရား ၂၂း၂၂)။ ဘာသာရေး ခေါင်းဆောင်တို့သည် ထိုအမျိုးသမီးကို အသုံးချကာ ယေရှုအား ထောင်ခြောက်ဆင်ခဲ့ကြသည်။ ယေရှုက ထိုအမျိုးသမီးအား ကျောက်ခဲဖြင့် မပစ်ရန်ပြောခဲ့လျှင် ယေရှုအား မောရှေ (Moses) ၏ ဥပဒေကို ဖောက်ဖျက်သူဟု စွပ်စွဲမည်ဖြစ်သည်။ ယေရှုက ထိုအမျိုးသမီးကို သတ်ပစ်ရန် ပြောခဲ့လျှင် ယေရှုအား ရောမ (Rome) အုပ်စိုးသူတို့ ထံသို့ တိုင်ကြားမည်ဖြစ်သည်။ ရောမအုပ်စိုး သူတို့သည် ဂျူးတို့အား သေဒဏ်ပေးနိုင်သော အခွင့်အာဏာကို မပေးထားခဲ့ပါ (၁၈း၃၁)။
၈း၃ ဤကျမ်းပိုဒ်သည် အခြားသူများအား စီရင်ခြင်းနှင့် ပတ်သက်၍ အရေးပါသော အခြေခံအချက်ကို သူ့အား ဥပဒေချိုးဖောက်သူအဖြစ် မစွပ်စွဲနိုင်ပါ။ သို့သော် အပြစ်ကင်း သောသူက စတင်၍ ကျောက်ခဲဖြင့် ပစ်ပါဟု ပြောဆိုခဲ့ရာ၌ ယေရှုသည် ကြင်နာခြင်း အပြစ်လွတ်ခြင်းတို့၏ အရေးပါမှုကို မီးမောင်းထိုးပြ ထားသည်။ အခြားသူတို့၏ အပြစ်ကို သင်သည် လျင်မြန်စွာ စီရင်လေ့ရှိပါသလား။ ထိုသို့ ပြုခြင်းသည် မိမိကိုယ်မိမိ မည်သည့်အခါမျှ အပြစ်မလုပ်မိခဲ့ သကဲ့သို့ ပြုခြင်းဖြစ်သည်။ စီရင်ပိုင်ခွင့်သည် ကျွန်ုပ်တို့၌ မရှိဘဲ ဘုရားသခင်၌သာရှိသည်။ ကျွန်ုပ်တို့၏တာဝန်မှာ အပြစ်လွတ်ခြင်း ကြင်နာမှု ပြသခြင်းသာ ဖြစ်သည်။
၈း၆ ယေရှုသည် လက်နှင့် မြေကြီးပေါ်၌ ရေးသားနေခြင်းသည် ထိုအမျိုးသမီးအား စွပ်စွဲနေခြင်းတို့ကို ဥပက္ခာပြုခြင်း (သို့) ထိုသူတို့၏ အပြစ်များကို စာရင်းရေးနေခြင်း (သို့) ပညတ်တော် (၁၀) ပါး ရေးနေခြင်း ဖြစ်နိုင်သည်။
❮ Prev . . . ၆ ၇ အခန်းကြီး ၈ ၉ ၁၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯