❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
နိဒါန်း Introduction
အခြေခံအချက်
၁။ ဘုရားရှင်၏သားတော် ယေရှုမွေးဖွားခြင်းနှင့် မွေးဖွားရန်ပြင်ဆင်ခြင်း (မဿဲ ၁း၁ – ၂း၁၁)
ရှင်ယောဟန် (John) က ယေရှု (Jesus) သည် သာမန်လူသားမျှသာ မဟုတ်ဘဲ ထာဝရဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ ယေရှုသည် လူအားလုံးကို ထာဝရ အသက်ကို ပေးသောသူ ဖြစ်သည်။ ယေရှုသည် လောက၏ အလင်းလည်းဖြစ်သည်။ ယေရှုသည် သူတော်ကောင်းဖြစ်သည်။ အကျင့်စာရိတ္တ ကောင်းမွန်အောင် သင်ကြားသော ဆရာလည်း ဖြစ်သည်ဟု ပြောဆိုခြင်းသည် အမြင်မရှင်းမှု၊ အတွေးမမှန် မှုသာဖြစ်သည်။ ကြိမ်ဖန်များစွာ ကျွန်ုပ်တို့သည် ယေရှု၏ ပြောကြားချက်များကို မှန်ကန်သည်ဟု ပြောဆို ကြသော်လည်း ကျွန်ုပ်တို့သည် မိမိတို့ ကြိုက်နှစ်သက်သလို အသက်ရှင်နေထိုင်ကြသည်။ ယေရှုသည် ထာဝရ ဘုရားရှင်၏ သားတော်ဖြစ်သည်ဟု ကျွန်ုပ်တို့သည် ယုံကြည်လျှင် ယေရှု၏ ဘုရားရှင်ဖြစ်ခြင်းနှင့် ထာဝရ အသက်ကိုပေးမည့် မိန့်မှာချက်များကို သတိပြုရမည်။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯