❮ Prev . . . ၁၂ ၁၃ အခန်းကြီး ၁၄ ၁၅ ၁၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၄

၁၄း၁-၃ ယေရှု၏ စကားတော်၌ ထာဝရအသက်တာသို့ သွားရာလမ်းသည် ယခုအချိန်တွင် မမြင်ရသေး သော်လည်း ထိုလမ်းသည် သေချာ မှုရှိသည်။ သင်သည် ယေရှုအား ပို၍ ယုံကြည်သည်နှင့်အမျှ ပို၍သေချာမှု ရှိသည်။ ယေရှုသည် ထာဝရအသက်တာ ရရှိနိုင်မည့် လမ်းခရီးကို ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။ သင်မှ ထိုအချက် အပေါ် သေချာစွာ ယုံကြည်မှု ရှိမရှိသည်သာ အရေးကြီးသည်။

၁၄း၂-၃ ထာဝရအသက်တာနှင့် ပတ်သက်၍ ဖော်ပြထားသော ကျမ်းပိုဒ်များသည် ကတိတော်များဖြင့် ပြည့်ဝနေသည်။ ယေရှုက “သင်တို့ နေစရာအရပ်ကို ပြင်ဆင် ခြင်းငှာ ငါသွားရ၏။ ငါသည်သွား၍ သင်တို့ နေစရာ အရပ်ကို ပြင်ဆင်ပြီးမှ တဖန်ပြန်လာ၍ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်” ဟု ပြောခဲ့သည်။ ကျွန်ုပ်တို့သည် ထာဝရအသက်ကို မျှော်လင့်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ယေရှုက သူ့ကိုယုံကြည်သောသူ အားလုံးအတွက် ထားခဲ့သော ကတိတော်ဖြစ်သည်။ ကျွန်ုပ်တို့သည် ထာဝရကာလနှင့် ပတ်သက်၍ အသေးစိတ် မသိသော်လည်း ကြောက်ရွံ့စရာ မလိုပါ။ အဘယ်ကြောင့်ဆိုသော် ထိုကာလအတွက် ယေရှုသည် ပြင်ဆင်လျက်ရှိပြီး ထိုကာလ၌လည်း သူသည် ကျွန်ုပ်တို့နှင့်အတူရှိနေမည်။

Continue… »»


❮ Prev . . . ၁၂ ၁၃ အခန်းကြီး ၁၄ ၁၅ ၁၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.