« Prev နိဒါန်း ဆာလံ ၁ ၂ ၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၁
၁း၁ ဆာလံဆရာသည် ဤကျမ်းစာတွင် ဘုရားသခင်၏ အလိုတော်ကို ဝန်ခံသောသူတို့ ဖြစ်ပေါ်ခံစားရသော ပျော်ရွှင်ကြည်နှုးမှုများကို ချီးမွမ်းထောပနာပြုထားပြီး ဘုရားသခင်အား မထီမဲ့မြင် ပြုသောသူများကို ငြင်းပယ်ခြင်းနှင့် အစပြုထားသည်။ ကျွန်ုပ်တို့၏ မိတ်ဆွေအပေါင်းအသင်းများသည် ကျွန်ုပ်တို့အပေါ်၌ မသိမသာသော နည်းလမ်းများဖြင့် လွှမ်းမိုးမှုရှိသည်။ အကယ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်မှ အရေးကြီးသည်ဟု ယူဆထားသော အချက်များအပေါ်၌ မထီမဲ့မြင်ပြုသော သူတို့နှင့် ဆက်လက်၍ မိတ်ဆွေဖွဲ့ပါက ကျွန်ုပ်တို့သည် ဘုရားသခင်၏ အလိုတော်ကို မပိုင်းခြား နိုင်တော့ခြင်းကြောင့် အပြစ်ကျရောက်မည်။ ထိုသို့ ပြုမူချက်သည် ဘုရားသခင်အား မထီမဲ့မြင်ပြုခြင်းဖြစ်သည်။ ထို့ကြောင့်သင်၏ မိတ်ဆွေတို့သည် သင်၏ ယုံကြည်ခြင်းကို တည်ဆောက်ပါသလား။ သို့မဟုတ် သင်၏ယုံကြည်ခြင်းကို ကျဆင်းစေပါသလား။ စစ်မှန်သော မိတ်ဆွေသည် သင်နှင့် ဘုရားသခင် ပို၍ နီးစပ်လာစေရန် အနှောင့်အယှက် ပေးသူများ မဟုတ်ဘဲ ကူညီသူများသာ ဖြစ်သည်။
ဘုရားသခင်သည် လူတို့အား လူမျိုး၊ လိင်၊ တိုင်းနိုင်ငံသား တို့အပေါ် အခြေခံ၍ စီရင်တော် မူသော ဘုရားမဟုတ်ပါ။ ဘုရားသခင်သည် သူ့အပေါ် မည်မျှ ယုံကြည်မှုရှိသည်၊ သူ၏ အလိုတော်များကို မည်ကဲ့သို့ တုံ့ပြန်မှုရှိသည်တို့ကိုသာ အခြေခံ၍ စီရင်ပေသည်။ ဘုရားသခင်၏ အလိုတော်ကို ကြိုးစားလိုက်လျှောက်သော သူတို့၌ ကောင်းကြီးမင်္ဂလာ ကျရောက်ပါသည်။ သူတို့၏ ပျော်ရွှင်သော အသက်တာများသည် စိမ်းလန်းစိုပြေသော၊ အသီးသီးသော ခိုင်မာသည့် အမြစ်ရှိသော အပင်နှင့် တူပါသည်။ (ယေရမိအနာဂတ္တိကျမ်း Jeremiah ၁၇း၅-၈) ဘုရားသခင်၏ ကတိတော်များသည် ထိုသူတို့ အပေါ်၌ အစဉ်တည်ရှိနေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် ဉာဏ်ပညာ အလင်းသည်လည်း သူတို့၏ အသက်တာ များကို လမ်းပြပို့ဆောင်ပေးပါသည်။ ဘုရားသခင်ကို မယုံကြည်သူ၊ ဘုရားသခင်၏ အလိုတော်ကို မလိုက်လျှောက်သော သူတို့၏ အသက်တာသည် အဓိပ္ပါယ်ကင်းမဲ့ပြီး လေတိုက်၍ လွင့်သော ဖွဲကဲ့သို့ပင် ဖြစ်သည်။
ကျွန်ုပ်တို့ အသက်ရှင်ရန် အသက်တာ လမ်းနှစ်ခုသာရှိသည်။ ၎င်းတို့မှာ ဘုရားသခင်၏ ဦးဆောင်လမ်းပြမှုကို ယုံကြည်၊ နာခံ၊ လိုက်လျှောက်သော အသက်တာနှင့် ပုန်ကန်ပျက်စီးရာကို ရှေးရှုသော အသက်တာပင် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ဦးဆောင် လမ်းပြမှုနောက်သို့ လိုက်လျှောက်သော အသက်တာကို ရွေးချယ်ထားသူများ ဖြစ်ကြောင်း သေချာရမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ ရွေးချယ်သော နည်းလမ်းသည် ကျွန်ုပ်တို့၏ ဘဝအသက်တာ လမ်းဆုံး၌ မည်ကဲ့သို့ ဖြစ်ပေါ်ခံစားနေထိုင် ရမည်ကို အဆုံးအဖြတ် ပေးသောကြောင့်ဖြစ်သည်။
« Prev နိဒါန်း ဆာလံ ၁ ၂ ၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »