« Prev . . . ၈ ၉ ဆာလံ ၁၀ ၁၁ ၁၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၁၀
၁၀း၁ ဆာလံဆရာက “ဘေးအန္တရာယ် ရောက်သည့်ကာလ၊ အဘယ်ကြောင့် ဖုံးကွယ်၍ နေတော်မူ သနည်း” ဟု ဘုရားသခင်သည် သူနှင့်ဝေးသော အရပ်မှာ ရှိနေ သကဲ့သို့ ခံစားရသည်။ ထိုကဲ့သို့ ခံစားစေကာမူ ဘုရားသခင်အား ဆုတောင်းခြင်းသည် ရပ်ဆိုင်းမသွားပဲ ဘုရားသခင် မစရန်၊ အတူရှိရန်သာ တောင်းခဲ့သည်။ ကျွန်ုပ်တို့လည်း ဤသို့ ခံစားရပါက ဘုရားသခင်ထံ ရိုးသားစွာ ဆုတောင်းပါ။ ဘုရားသခင်အား ပွင့်လင်းစွာ ပြောပြပါ။
၁၀း၎ လူအချို့သည် မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ အောင်မြင်မှုကိုသာ ရရှိလိုကြသည်။ ဘုရားသခင်သည် သူတို့အား ကျဆင်းအောင် မလုပ်နိုင်ဟု ဝါကြွားတတ်ကြသည်။ ဘုရားသခင်ကို အားမကိုးသော်လည်း သူတို့သည် အဘယ်ကြောင့် ချမ်းသာပြီးရင် ချမ်းသာနေပါသနည်းဟု ကျွန်ုပ်တို့ စဉ်းစားကောင်း စဉ်စားပေမည်။ တခါတရံ စိတ်မချမ်းမသာ ဖြစ်တတ်ကြသည်။ ထိုသူတို့ အောင်မြင်မှုအပေါ် မနာလိုမှု ဖြစ်နေပါသလား။ သူတို့ ကြွယ်ဝမှုအပေါ် မှန်ကန်သော အမြင်ရှိရမည်။ မတရားသဖြင့် ပြုသော သူတို့သည် တနေ့တွင် ဘုရားသခင် တရားစီရင်မည်ဖြစ်ကြောင်း သတိရပါ။ ထိုသူတို့ကို ဘုရားသခင်ရွံ့ရှာတော်မူကြောင်း ဘုရားသခင် အသိအမှတ် မပြုကြောင်း ခံယူရမည်။
၁၀း၁၁ မာန်မာနသည် မိမိကိုယ်ကို အထင်ကြီး အားကိုးခြင်းဖြစ်သည်။ သူ၏ နှလုံးသား အတွင်းမှာ ဘုရားသခင်၏ လမ်းပြမှုမရှိပေ။ ဘုရားသခင် အုပ်စိုးသောအခါ နှလုံးသားတွင်အတ္တ၊ မာန်မာနများ ကိန်းအောင်းခြင်း မရှိတော့ပေ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား မှန်ကန်သော အသွင်သဏ္ဍာန်ကို ဖော်ဆောင်စေသည်။
၁၀း၁၄-၁၈ ဘုရားသခင်သည် မတရားသဖြင့် ပြုခြင်းကို လက်ခံတော် မမူ။ မတရား ခံရသော သူကို နှစ်သိမ့်အားပေးသည့် ဘုရား၊ ငိုးကြွေးသံကို နားထောင်တော် မူသောဘုရား ဖြစ်တော်မူသည်။ အသက်တာတွင် မတရားသဖြင့် ပြုခြင်းများကို ခံစားရစေကာမူ ဘုရားသခင်သည် ကျွန်ုပ်တို့အား ဖြေရှင်းပေးမည်ကို သတိရပါ။ ဘုရားသခင် အနီးတွင် ရှိတော်မူသည်ကို အောက်မေ့ပါ။
« Prev . . . ၈ ၉ ဆာလံ ၁၀ ၁၁ ၁၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »