« Prev . . . ၁၀ ၁၁ ဆာလံ ၁၂ ၁၃ ၁၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၁၂
၁၂း၁ ဖျားယောင်းသွေးဆောင်မှုများ ပြည့်နှက်နေသော ဤလောကကြီးတွင် ဘုရားသခင်တွက် အသက်ရှင်ရခြင်းသည် အထီးကျန် ခံစားရသည်ဟု ပရောဖက်ကြီး ဧလိယပင် ခံစားခဲ့ရဖူးသည်။ သို့သော် ဘုရားသခင်က ယုံကြည်စိတ်ချရသော ဣသရေလလူမျိုးများ ရှိသေးကြောင်း အားပေးခဲ့သည်။
ကျွန်ုပ်တို့ အသက်တာတွင် အထီးကျန် ခံစားခဲ့ရပါလျှင် ယုံကြည်သူများ ရှိသေးကြောင်း ဘုရားသခင် ခွန်အားပေးနေပါသည်။
၁၂း၂ မုသားစကားသည် သာမန်အားဖြင့် အန္တရာယ်ကင်းသည့်အပြင် အချိန်အခါအလျှောက် အသုံးဝင်သည်ဟု တခါတရံ တွေးကောင်းတွေးမိ ကြသည်။
သို့သော် ဘုရားသခင်သည် ထိုကဲ့သို့သော လိမ်လည်မှု၊ ဖျားယောင်းမှုတို့ကို လစ်လျှူရှုတော် မမူပါ။ ထိုအရာများသည် မှားယွင်းသော အတွေးအခေါ်များ ဖြစ်သည်။ မိမိတို့ စကားပြောဆိုခြင်းဖြင့် အတွင်းစိတ်သဘော သိသာထင်ရှားစေသည်။ လျှာသည် ကျွန်ုပ်တို့အတွက် အကြီးမားဆုံးရန်သူ ဖြစ်သည်။ ကြီးမားသော ပျက်စီးမှုကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် သင့်နှုတ်မှလျှာကို ကောင်းစွာ အသုံးပြုပါ။ ချုပ်တည်းပါ။
« Prev . . . ၁၀ ၁၁ ဆာလံ ၁၂ ၁၃ ၁၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »