« Prev . . . ၁၄ ၁၅ ဆာလံ ၁၆ ၁၇ ၁၈ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၁၆

၁၆း၁ ဆာလံ ၁၆ သည် ဘုရားသခင်၏ ကွယ်ကာစောင်မမူကို တောင်းခံသော ဒါဝိဒ်၏ ဆာလံသီချင်းဖြစ်သည်။

၁၆း၇ ကျွန်ုပ်တို့၏ ဘဝ အသက်တာတွင် မိမိဆန္ဒနှင့် လုပ်ကိုင်လေရာများကို ဘုရားသခင် စောင်မကွယ်ကာရန် တောင်းခံတတ်ကြသည်။ အမှန်ဖြစ်သင့်သည်မှာ ဘုရားသခင်၏ အလိုတော်ကို ဦးစွာရှာသင့်သည်။ ဘုရားသခင်နှင့် လျှောက်လှမ်းရမည့် နည်းလမ်းများကို အစဉ်မပြတ် တွေးတောကြံဆသင့်သည်။

၁၆း၈ ဘုရားသခင်၏ အလိုတော်နှင့်ပဲ့ပြင်ခြင်းကို ခံသောသူမူကား လှုပ်ရှားခြင်း မရှိရာဟု ဒါဝိဒ်က ဖော်ပြထားသည်။ ဒါဝိဒ်၏ စိတ်နှလုံးသည် ဝမ်းမြောက်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်းမြောက်ခြင်း၏ လျို့ဝှက်ချက်ကို တွေ့ရှိသောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့ အသက်တာ၌ ပျော်ရွှင်ခြင်းဟူသည် အခြေအနေပေါ် မူတည်၍ ခံစားတတ်ကြသည်။ ခဏတာတည်သည်။ သို့သော် ဝမ်းမြောက်ခြင်း ဟူသည် ဘုရားသခင် ပေးသော ကျွန်ုပ်တို့ အတွင်း တည်ရှိမှုဖြစ်သည်။ ထို့ကြောင့် ကြာရှည် စွဲမြဲမြံသည်။

ကျွန်ုပ်တို့အတွက် ဘုရားသခင် ပြင်ဆင်ပေးသော အနာဂတ်ကို ပို၍ နားလည်လာသည်နှင့်အမျှ သာယာကြည်နှုးမှုကို ရရှိခံစား လာရပါသည်။ သင့်အသက်တာကို အခြေအနေပေါ် မူမတည်ပဲ ဘုရားသခင်နှင့် တည်ဆောက်ပါ။

၁၆း၁၀ ဒါဝိဒ်သည် သူ့ကို ဘုရားသခင်က မရဏနိုင်ငံတွင် ပစ်ထားမည် မဟုတ်ကြောင်း ယုံကြည်စွာ ပြောခဲ့သည်။ လူတို့သည် သေခြင်းတရားကို ကြောက်ရွံ၍ ရင်မဆိုင်ချင်ကြပေ။ ယုံကြည်သူများအတွက် သေဆုံးခြင်းသည် ဘုရားသခင်နှင့်အတူ နေရခြင်းဟု စိတ်ချမှုရှိသည်။ ဘုရားသခင်နှင့်အတူ အသက်ရှင်ခြင်းဖြစ်သည်။ စစ်မှန်သော လုံခြုံမှုကိုပေးသည် (ယောဘ ၁၉း၂၅-၂၆၊ ဟေရှာ ၂၆း၁၉၊ ဒံ ၁၂း၂၊ မာ ၁၃း၂၇)။

Continue… » »


« Prev . . . ၁၄ ၁၅ ဆာလံ ၁၆ ၁၇ ၁၈ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.