« Prev နိဒါန်း ဆာလံ ၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၂

၂း၎ လောကီနိုင်ငံတို့ကို ဘုရားသခင် ကြည့်ရှုတော် မူသောအခါ ပြုံးရယ်တော် မူ၏ဟု သမ္မာကျမ်း၌ ဆိုထားခြင်း အရာမှာ နိုင်ငံတွင်ရှိသော လူသားတို့၏ ရှုပ်ထွေးနေသော အယူအဆနှင့် အာဏာရူးမှုများကို ပြုံးရယ်နေခြင်းဖြစ်သည်။ သုံးနှစ်သားကလေး တစ်ယောက်က မိမိဖခင်ကို အလဲထိုးနိုင်သည်ဟု ပြောသောအခါ ဖခင်သည် သားအားကြည့်၍ ပြုံးရယ်သော ရယ်ခြင်းမျိုးပင် ဖြစ်ပါသည်။ ဖခင်အနေနှင့် သားငယ်၌ရှိသော စွမ်းအားကို သိပြီးဖြစ်နေ၏။ ထို့နည်းတူ ဘုရားသခင်သည် တိုင်းနိုင်ငံတိုင်း၌ ရှိသော စွမ်းအားကို အကုန်သိပါသည်။ နိုင်ငံတိုင်း၏ စွမ်းအားသည် အတိုင်းအတာ တစ်ခုတွင်ဆုံးရှုံးမည် ဖြစ်ပါသည်။ ဘုရားသခင်၏ စွမ်းအားမူးကား တိုင်းတာ၍ မရနိုင်ပါ။ သင်သည် တိုင်းပြည် တစ်ပြည်အပေါ် ယုံကြည် စိတ်ချရသော ရွေးချယ်မှုနှင့် ဘုရားသခင်အပေါ် ယုံကြည်စိတ်ချရသော ရွေးချယ်မှုကို ပြုရန်ရှိပါက ဘုရားသခင်ကိုသာ ရွေးချယ်လိုက်ပါ။

၂း၎ ဘုရားသခင်သည် တန်ခိုးတော်နတ္တနှင့် ပြည့်စုံတော်မူ၏။ ကမ္ဘာကြီးကို ဖန်ဆင်းခဲ့သူ ဖြစ်သောကြောင့် ကမ္ဘာတစ်ခုလုံး၏ အနေအထား၊ ကမ္ဘာသူကမ္ဘာသားတို့၏ စွမ်းအားကို ကျွန်ုပ်တို့ မမွေးဖွားမှီကပင် သူသိပြီးသားဖြစ်သည်။ (ဒံ ၂း၂၆-၄၅) တိုင်းနိုင်ငံကို အုပ်ချုပ်သော ခေါင်းဆောင်များသည် မိမိတို့၏ မာန်မာနနှင့် အာဏာတန်ခိုးကို အထင်ကြီးကာ ဘုရားသခင်၏ အုပ်ချုပ်မှုအောက်မှ အလွတ်ရုန်းထွက် တတ်ကြ၏။ ကမ္ဘာပေါ်ရှိ များစွာသော ခေါင်းဆောင်ကြီးတို့သည် မိမိတို့၏ အာဏာအပေါ် မောက်မာဝါကြွား တတ်၏။ ဘုရားသခင်နှင့် ဘုရားသခင် ဖန်ဆင်းထားသော လူသားများကို အလေးမပြု ဂရုမစိုက်ဘဲ ထင်တိုင်းအုပ်ချုပ် မင်းလုပ်တတ်ကြ၏။ ထိုအခြေအနေများ၌ ဘုရားသခင်သည် သူတို့ကို ပြုံးရယ်တော်မူကြောင်း သူတို့မသိပါ။ အုပ်ချုပ်မှုအာဏာကို သူတို့အား ဘုရားသခင် ပေးထားကြောင်းလည်း မသိနိုင်ကြပါ။ အမှန်တရားအတွက် ဝါကြွားဝမ်းမြောက် တတ်ဖို့ရန် သတိပြုသင့်သည်။ အမှန်တရားသည် ဘုရားသခင်၏ လက်တော်၌ ရှိ၏။

၂း၁၁-၁၂ ဘုရားသခင်၏ သားတော်ကို နမ်းကြလော့ဟု ဆိုရာ၌ ဘုရားသခင်၏ သားတော်ယေရှုခရစ်၏ လက်ထဲသို့ မိမိကိုယ်ကို လုံးလုံးလျားလျား အပ်နှံရန် လိုကြောင်းကို ဆိုလိုသည်။ ယေရှုခရစ်တော်သည် ဘုရားသခင် ကိုယ်တိုင် ရွေးချယ်ခန့်ထားသော ရှင်ဘုရင် ဖြစ်ရုံမက ကျွန်ပ်တို့၏ နှလုံးသားနှင့် အသက်တာကို အမှန်တရားသို့ ပို့ဆောင်သော ကျွန်ုပ်တို့၏ နှလုံးသား ဘုရင်လည်း ဖြစ်ပါသည်။ ဒုတိယအကြိမ် ကြွလာတော် မူသောအခါ အရံသင့် ကြိုဆိုနိုင်ရန် သူ၏ ဦးဆောင်မှုကို ကျွန်ုပ်တို့ နေ့တိုင်းခံယူရပါမည်။

Continue… » »


« Prev နိဒါန်း ဆာလံ ၂ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.