« Prev . . . ဆာလံ ၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၃

၃း၎ ယေရုရှလင်မြို့ရှိ မောရိယတောင် (Mount Moriah) သည် ဘုရားသခင်၏ သန့်ရှင်းသော တောင်ဟု ဣသရေလလူမျိုးများ သိမှတ်ထားပါသည်။ ဒါဝိဒ်၏ သားတော်ရှောလမုန် (Solomon) မှ ဘုရားသခင်၏ ဗိမာန်တော်ကို တည်ဆောက်မည့် နေရာဟူ၍ သိမှတ်ရပါသည်။ ဘုရားသခင်သည် နေရာဒေသကို အသိအမှတ် ပြုသည်ထက် လူ၏ နှလုံးသားကို အသိအမှတ်ပြုကြောင်း ဒါဝိဒ်မင်းကြီး သိပါသည်။ သို့သော် ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သော သန့်ရှင်းရာ ဌာနတော်၌ ဘုရားသခင်၏ အိမ်တော်ကို ဆောက်ပြီး ထိုအိမ်တော်၌ ဝတ်ပြုခြင်းအမှုကို ထာဝရဘုရား သိမှတ်နှစ်သက်သည်ဟု ဒါဝိဒ်နားလည် သဘောပေါက်ခဲ့သည်။

၃း၅ ဒုက္ခရောက်ချိန် များ၌ လုသည် လွယ်လွယ်ကူကူ အိပ်၍မပျော် တတ်ပါ။ သားတော် အဗရှလုံ ပုန်ကန်သောအခါ ဒါဝိဒ် အိပ်၍မပျော်သော ညများစွာရှိမည်ဟု လူ့အတွေးနှင့် တွေးထင်နိုင်သည်။ အမှန်စင်စစ် ဒါဝိဒ်၏ အသက်တာသည် ထိုကဲ့သို့ မဟုတ်ခဲ့ပါ။ ဘုရားသခင် ထံတော်သို့ အော်ဟစ် အကူအညီ တောင်းခြင်းဖြင့် ဒုက္ခများစွာကြားမှ ဒါဝိဒ်အိပ်ပျော် ခဲ့သည်။

ဆုတောင်းခြင်း၌ အဖြေရှိကြောင်း သိရှိ သူတိုင်းအဖို့ ငြိမ်ဝပ်စွာ အိပ်ပျော်ခြင်းကို ရရှိမည်။ စိတ်ညစ်စရာ အကြောင်းများကို စဉ်းစားရ၍ အိပ်မပျော်သော ညများ၌ ဘုရားသခင်ကို အကူအညီ တောင်းပါ။ အရာခပ်သိမ်းကို ညင်သာစွာ သူထိန်းချုပ်ပေးတော် မူလိမ့်မည်။

၃း၇ ဒါဝိဒ်၏ အသက်တာ၌ ပါးရိုက်ခံရခြင်း၊ သွားချိုးခံရခြင်းတို့ကို မြင်တွေ့ခံစား ခဲ့ရဟန် တူသည်။ မတရားသဖြင့် သူခံစားရမှုကို ဘုရားသခင်သည် တရားမျှတစွာ စီရင်ကိုင်တွယ်ရန် ဒါဝိဒ်လိုလားပါသည်။ ထို့ကြောင့် ကိုယ်တော်၏ လူစုအပေါ်သို့ ကိုယ်တော်ပေးတော် မူသော ကောင်းကြီးမင်္ဂလာကို သက်ရောက်စေလိုသည်။ ကိုယ်တော်၏ ကျေးဇူးတော်ကြောင့် ကိုယ်တော်၏ လူများ ချမ်းသာရဖို့ရန် ဒါဝိဒ် ဆုတောင်းခဲ့ပါသည်။ မတရားသော သူတို့၏ ကောက်ကျစ်စွာ ရယူသော အောင်မြင်ခြင်းကို ဒါဝိဒ်မနှစ်သက်ခဲ့ပါ။

Continue… » »


« Prev . . . ဆာလံ ၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.