« Prev . . . ဆာလံ ၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၎

၎း၁ ဤဆာလံကျမ်းကို သားတော် အဗရှလုံအား ထောက်ခံသော ဒါဝိဒ်၏ ရန်သူများ မိမိကိုယ်ကို ပြန်လည်ဆင်ခြင် ကြရန် သတိပေးသည့် အရေးအသားများ ဖြစ်သည်။ ထာဝရဘုရားကို ကြောက်ရွံ့၍ လိမ်ညာသော သူတို့၏ မုသားစကားနောက်သို့ မလိုက်ရန် ဒါဝိဒ် ဆုံးမထားသည်။

၎း၃ ဘုရားသခင်အား သစ္စာရှိစွာ ယုံကြည်ကိုးကွယ်သော သူကို ဘုရားဝတ်၌ မွေ့လျော်သူ ဟုခေါ်သည်။ ဒါဝိဒ်က သူခေါ်လျှင် ဘုရားသခင် ထူးမည်ဟု လုံးဝယုံကြည် စိတ်ချ၏။ ကျွန်ုပ်တို့လည်း ဒါဝိဒ်ကဲ့သို့ ဖြစ်သင့်သည်။ ကျွန်ုပ်တို့၏ အသက်တာသည် မသန့်ရှင်းသောကြောင့် ကျွန်ုပ်တို့၏ ဆုတောင်းသံကို ဘုရားသခင် နားညောင်းမည် မဟုတ်ဟု တစ်ခါတစရံ ထင်တတ်ပါသည်။ ယေရှုခရစ်တော်ကို မိမိ၏ ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံပြီး သူတိုင်း အပြစ်လွှတ်ခြင်းကို ရနိုင်ပါသည်။ ဆုတောင်းသော အခါတိုင်း ဘုရားသခင် ခွင့်လွှတ်မည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ ဆုတောင်းချက် အဖြေ မရသောအခါ စိတ်ပျက်ရန် အကြောင်းမရှိပါ။ သူပေးသော အဖြေနှင့် ကျွန်ုပ်တို့တောင်းသောဆု ထပ်တူထပ်မျှ မဖြစ်သောအခါ ဘုရားသခင်ကို နားလည်သဘောပေါက်ရန် လိုသည်။ ဘုရားသခင်၏ တန်ခိုးတော်သည် ကျွန်ုပ်တို့၌ ရှိသော ပြဿနာ၏ နောက်ကွယ်တွင် ထင်ဟပ်သည့်အရိပ် မဟုတ်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ နှင့် ကျွန်ုပ်တို့၏ ပြဿနာများ၏ အရှေ့တွင်ရှိသော လင်းရောင်ခြည် တန်ခိုးရှင် ဖြစ်ပါသည်။

၎း၅ ဒါဝိဒ်မင်းကြီး လက်ထက်၌ ဝတ်ပြုကိုးကွယ်မှုတွင် တိရစ္ဆာန်၏ အသွေးဖြင့် ပူဇော်ခြင်း ရှိခဲ့သည်။ ယဇ်ပူဇော် သူ၏ အပြစ်ကို တိရစ္ဆာန်၏ အသွေးသွန်းခြင်းဖြင့် လွှတ်ခြင်းအခွင့် ရနိုင်သည်ဟု ယုံကြည်ခဲ့ကြသည်။ အမှန်စင်စစ် ဝတ်ပြုကိုးကွယ်မှု အစီအစဉ်သည် ဘုရားသခင် ရှေ့တော်မှောက်၌ အရေးကြီးသော အရာမဟုတ်ပါ။ နာခံလိုက်လျောက်ခြင်း သည်သာလျှင် ပို၍ အရေးကြီးပါသည် (၁ ရာ ၁၅-၂၂-၂၃)။ ယနေ့အချိန် ကာလတွင် ဝတ်ပြုကိုးကွယ်ခြင်းနှင့် ပတ်သက်၍ ဘုရားသခင်၏ စိတ်တော် မပြောင်းလဲ သေးပါ။ နာခံခြင်းသာလျှင် အဓိက ထားသေးသည် (ဟေဗြဲ ၁၃း၁၅)။ ဘုရားသခင်ကို နာခံခြင်းယဇ်နှင့် စိတ်နှလုံးပါသော ချီးမွမ်းခြင်းယဇ်ကို ပူဇော်ရန်ဖြစ်သည်။

၎း၇ ဘုရားသခင်ကို သိရသော ဝမ်းမြောက်ခြင်းသည် လောကဇာတိအရာ ဆန်စပါးပေါများ၍ ဝမ်းမြောက်ရသော ဝမ်းမြောက်ခြင်းနှင့် မတူကြောင်း ဒါဝိဒ်ဖော်ပြထားသည်။ အတွင်းဝမ်းမြောက်ခြင်းသည် ဘုရားသခင်ကို ယုံကြည်မှုပေါ် မူတည်ပြီး ရေရှည်ခံစား ရနိုင်၏။ ဇာတိပျော်ရွှင်ခြင်းမူကား ခေတ္တခဏသာတည်သည်။

Continue… » »


« Prev . . . ဆာလံ ၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.