« Prev . . . ၇ ၈ ဆာလံ ၉ ၁၀ ၁၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၉
၉း၁ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းထောပနာ ပြုခြင်းသည် ဘုရားသခင်အား လေးစားခြင်း၊ ဘုရားသခင်၏ ကြွယ်ဝပြည့်စုံခြင်းကို ကျေးဇူးတင်ခြင်းဖြစ်သည်။ ကျွနှ်ပ်တို့၏ နှလုံးသားထဲတွင် ရှိသော အရာများကို ထုတ်ဖော်ခြင်းဖြစ်သည်။ ဘုရားသခင်သည် မည်သို့သောသူ ဖြစ်သည်ကို ဂုဏ်တော် ချီးမွမ်းခြင်းအားဖြင့် သိရှိခံစား လာရသည်။ သင်သည်လည်း ဆာလံကျမ်းကို ဖတ်ရှုခြင့်ဖြင့် ဘုရားသခင်၏ ဂုဏ်တော်များကို ရှာဖွေ၍ ချီးမွမ်းပါ။
၉း၎-၉ ဘုရားသခင်သည် ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများအပေါ် တရားစီရင် ဆုံးဖြတ်တော်မူသည်။ ကျွန်ုပ်တို့ လုပ်ဆောင်သော အရာများ အားလုံးကို သိတော်မူသည်။ သင့်တော်သော ဆုကျေးဇူးကို အလိုတော်နှင့်အညီ ပေးတော်မူသည်။ အကယ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်အား စီရင်ပိုင်သော အရှင်အဖြစ် အားမကိုးပါက ကျွန်ုပ်တို့ ရင်ဆိုင်ရသော သူတပါး၏ နားလည်မှု လွှဲမှားခြင်း၊ မိမိ၏မေတ္တာ စေတနာကို အသိအမှတ်ပြု ခံရခြင်း၊ လုပ်ဆောင်မှုကို အကျိုးမခံစား ရခြင်း၊ ကျွန်ုပ်တို့၏ အကြံပေးခြင်းကို ပယ်ဖျက်ငြင်းပယ်ခြင်း ကဲ့သို့သော အရာများကို ဘုရားသခင်က စီရင်ဆုံးဖြတ် ပေးမည် မဟုတ်ပါ။
ဘုရားသခင်ကို အားကိုးမှသာ ငြိမ်သက်ခြင်းကို ခံစားရမည်။
၉း၁၀ ဘုရားသခင်ကို အားကိုးရှာသော သူများကို ဘုရားသခင်သည် ဘယ်သောအခါမျှ မျက်ကွယ်ပြုမည် မဟုတ်ပါ။ ကျွန်ုပ်တို့၏ နာကျင်ခြင်းများ ဆုံးရှုံးခြင်းများ ကင်းဝေးမည်ဟု မဆိုလိုပါ။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ ခိုလှုံရာဖြစ်၍ ကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည်။
« Prev . . . ၇ ၈ ဆာလံ ၉ ၁၀ ၁၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »