« Prev . . . ၁၀၄ ၁၀၅ ဆာလံ ၁၀၆ ၁၀၇ ၁၀၉ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၁၀၆
၁၀၆း၂၂ ဣသရေလ လူမျိုးတို့သည် ဘုရားသခင်ထံတော်မှ ကြိမ်ဖန်များစွာ ရှောင်ပြေးကြသည်။ ဘုရားသခင်၏ အံ့သြဖွယ် နိမိတ်လက္ခဏာများကို ခံစားတွေ့ရှိရသော်လည်း ဤလောကကို အစိုးတရပြုသော တန်ခိုး၊အာဏာ၊ စည်းစိတ်၊ ကျော်ကြားမှု၊ ကာမဂုဏ်ခံစား စရာများကိုသာ အာရုံထား ကိုးကွယ်ကြသည်။ ဘုရားသခင်ကို မေ့လျော့ကြသည်။
ကျွန်ုပ်တို့လည်း ထိုကဲ့သို့သော အရာများကြောင့် ဘုရားသခင်ကို မေ့လျော့နေကြသူများ ဖြစ်နေပါသလား။ အထူးသတိထား ဆင်ခြင်သင့်ပါသည်။
၁၀၆း၄၀ ဣသရေလ လူမျိုးများအား ဒုက္ခ အမျိုးမျိုးကြုံတွေ့ စေလိုသည်မှာ ဘုရားသခင်၏ အကြံအစည်ပင်ဖြစ်သည်။ ထိုအခက်ခဲများသည် ကျွန်ုပ်တို့ကို
(၁) နှိမ့်ချစေသည်။ |
(၂) ဘုရားသခင်ထံ ပြန်ပို့ဆောင်ပေးသည်။ |
(၃) ဆုတောင်းခြင်းကို ဖြစ်စေသည်။ |
(၄) ဘုရားသခင်၏ သစ္စာရှိခြင်းကို မြင်တွေ့စေသည်။ |
(၅) ဘုရားသခင်ကို အားကိုးစေလိုသည်။ |
(၆) ဘုရားသခင် အလိုတော်နှင့်အညီ အသက်ရှင်စေဖို့ တွန်းအားပေးသည်။ |
(၇) အခြားသူများ ဒုက္ခရောက်စဉ် ကိုယ်ချင်းစာ တတ်စေသည်။ |
၁၀၆း၄၄ ဤကျမ်းပိုဒ်သည် စီရင်ခြင်းကို ခံထိုက်သော လူသားများအပေါ် ထားရှိသော ဘုရားသခင်၏ မေတ္တာတော်ကို ဖော်ပြထားသည်။ ကျွန်ုပ်တို့ ယုံကြည်ခြင်း တခုတည်း၌ မူမတည်ပါ။ အပြစ်တရား၏ လွှမ်းမိုးမှု အောက်တွင် ရှိစဉ်ပင် ဘုရားသခင် ကျွန်ုပ်တို့ကို ချစ်ပါသည်။ ကျွန်ုပ်တို့ ယခု ဘုရားသားသမီး ဖြစ်သည့်အချိန် ဘုရားသခင် မည်မျှချစ်သည်ကို ပို၍ သိရှိခံစားရပါသည်။
« Prev . . . ၁၀၄ ၁၀၅ ဆာလံ ၁၀၆ ၁၀၇ ၁၀၉ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »