« Prev . . . ၁၀၉ ၁၁၀ ဆာလံ ၁၁၁ ၁၁၂ ၁၁၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၁၁၁
၁၁၁း၁ – ၁၁၈း၂၉ ထိုဆာလံများကို ဟာလေလုယာ (Hallelujah) ဆာလံများဟု ခေါ်သည်။ ဟာလေလုယာ၏ အဓိပ္ဗါယ်မှာ ဘုရားသခင်ကို ချီးမွမ်းပါ၏ ဟု အဓိပ္ပါယ်ရသည်။ ဤကျမ်းပိုဒ်များသည် ဆာလံကျမ်း၏ နိုးထစေမှု၊ ပြည့်စုံစေမှု တို့ကို ဖော်ပြထားသည်။
၁၁၁း၉ ဤကျမ်းပိုဒ်သည် အီဂျစ်တို့လက်မှ ဣသရေလတို့ကို ကယ်တင်ကြောင်း ပုံဆောင်သည်။ ကယ်တင်ခြင်း၏ အဓိပ္ပါယ်မှာ ‘ပစ္စည်းတခုခု ကိုသော်လည်းကောင်း။ လူတဦး ကိုသော်လည်းကောင်း အဖိုးအခ ပေး၍ ရွေးယူခြင်း’ ကိုဆိုလိုပါသည်။
ကျွန်ုပ်တို့သည် အပြစ်၏ ကျွန်ဘဝသို့ ရောက်ရှိနေသော်လည်း သခင်ယေရှု ခရစ်တော်က အသွေးနှင့် ရွေးယူ၍ ဝယ်ခဲ့သည်။ ထိုအချိန် မတိုင်မီအထိ ဘုရားသခင်၏ သန့်ရှင်းရာ နေရာသို့ ဝင်ရောက်ခွင့် မရှိခဲ့ကြပေ။ ယခုအခါ ဘုရားသခင် ရှေ့တော်သို့ တိုးဝင် ဆုတောင်းခြင်း အခွင့်ကို သခင်ယေရှုအားဖြင့်ရရှိခဲ့သည်။
၁၁၁း၁၀ စစ်မှန်သော ပညာကို ဘုရားသခင်အား ကြောက်ရွံ့ခြင်းဖြင့် ရရှိနိုင်သည်။ လူတို့သည် မိမိတို့ သင်ယူသော ပညာ၊ ဘဝအတွေ့အကြုံများဖြင့် ပညာကို ရှာကြသည်။ ထို့ကြောင့် ဆုံးဖြတ်ချက်များ မှားယွင်းကြသည်။ ရွေးချယ်မှုများမှာ မမှန်ကန်တော့ပေ။
« Prev . . . ၁၀၉ ၁၁၀ ဆာလံ ၁၁၁ ၁၁၂ ၁၁၃ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »