« Prev . . . ၁၁၆ ၁၁၇ ဆာလံ ၁၁၈ ၁၁၉ ၁၂၀ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၁၁၈

၁၁၈း၈ ကျွန်ုပ်တို့ အလုပ်လုပ်ကိုင်ရာတွင် တစ်ဦးကိုတစ်ဦး ယုံကြည်မှု အပြန်အလှန် ထားရှိ၍ လုပ်ဆောင်နေကြသည်။ သို့မှသာ ဦးတည်ချက်၊ ရည်ရွယ်ချက် ပြည့်စုံမည်ဖြစ်သည်။ သင့်အသက်တာတွင် လောကီအရာတို့ထက် ဘုရားသခင် အပေါ် ယုံကြည်စိတ်ချမှု ပိုမိုထားရှိ ပါသလား။ ထိုသို့ သင်ထားရှိပါက သင့်အသက်တာ ပို၍ ပြည့်စုံကြွယ်ဝလာပေမည်။

၁၁၈း၂၂-၂၃ ဂျူးလူမျိုးများသည် သခင်ယေရှုကို လက်မခံခဲ့သောကြောင့် သခင်ယေရှု ကိုးကား တင်ပြသော ကျမ်းချက်ဖြစ်သည် (မ ၂၁း၄၂၊ မာ ၁၂း၁၀၊ လု ၂၀း၁၇)။ သခင်ယေရှုသည် တစ်ချိန်က စွန့်ပစ်ခြင်းကို ခံခဲ့ရသော်လည်း ယခုအခါ တစ်လောကလုံး၏ အချူပ်အခြာ ဖြစ်နေပါသည်။

၁၁၈း၂၄ ဆာလံဆရာသည် မည်သည့် အခြေအနေတွင် ရှိနေကာမူ ဘုရားသခင်ကို ရိုးသားပွင့်လင်းစွာ ဆက်ဆံသည်။ ဆုတောင်းခြင်း အဆုံး၌ ကျေးဇူးတော်သာ ချီးမွမ်းသည်။ သင်သည်လည်း ဝမ်းနည်းမှု၊ ဒုက္ခများ ခံစားနေရပါက ဘုရားသခင်အား ရိုးသားစွာ စကားပြောပါ။ လက်ရှိ အခြေအနေကို ကျေးဇူးတော်ချီးမွမ်းပါ။

Continue… » »


« Prev . . . ၁၁၆ ၁၁၇ ဆာလံ ၁၁၈ ၁၁၉ ၁၂၀ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.